ဌာန၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
၁။ | ကူးတို့အကောက်များကောက်ခံခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်း၊ |
၂။ | မော်တော်ယာဉ်များအား မြို့၀င်ကြေးခွန်နှင့် တန်ပိုဒဏ်ကြေးများ ကောက်ခံခြင်း၊ |
၃။ | အဝေးပြေးကုန်တင်ယာဉ်ရပ်နားစခန်းများဖွင့်လှစ်ခြင်း၊ စနစ်တကျရှိစေရေးဆောင်ရွက်ခြင်းနှင့် သတ်မှတ်ထားသည့် အခွန်အကောက်များကောက်ခံခြင်း၊ |
၄။ | အဝေးပြေးခရီးသည်တင်ယာဉ်ရပ်နားစခန်းများနှင့် အဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံများ ဖွင့်လှစ်ခြင်း။ |
၅။ | ယာဉ်ရောင်း၀ယ်ရေးစခန်းများဖွင့်လှစ်ခြင်း၊ စနစ်တကျရှိစေရေးဆောင်ရွက်ခြင်းနှင့် သတ်မှတ်ထားသည့် အခွန်အကောက်များ ကောက်ခံခြင်း၊ |
၆။ | ယာဉ်မောင်းသင်ကွင်းများဖွင့်လှစ်ခြင်း၊ စနစ်တကျရှိစေရေးဆောင်ရွက်ခြင်းနှင့် သတ်မှတ်ထားသည့် အခွန်အကောက်များကောက်ခံခြင်း၊ |
၇။ | ကော်မတီပိုင်မြစ်ချောင်းများ၏ ကမ်းနားနယ်နိမိတ်တွင် ယာယီစုပုံနေရာသတ်မှတ် နေရာချထားပေးခြင်း၊ |
၈။ | ပုဂ္ဂလိကအသေးစားချေးငွေလုပ်ငန်းများစိစစ်၍ လိုင်စင်ထုတ်ပေးခြင်း၊ |
၉။ | မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်စေရန် ငါးပိ၊ ငါးခြောက်လုပ်ငန်းများကို ဇုန်သတ်မှတ်၍ စနစ်တကျထူထောင်ပေးခြင်း၊ |
၁၀။ | တံတားများအခွန်ကောက်ခံမှုလုပ်ငန်းဆောင်ရွက်ခြင်း၊ |
၁၁။ | ကော်မတီက အခါအားလျှော်စွာ သတ်မှတ်ပေးသည့်လုပ်ငန်းတာ၀န်များကို ဆောင်ရွက်ခြင်း |
လုပ်ငန်းတာဝန်များအပေါ်ဆောင်ရွက်နေမှုများ-
၁။ | နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနသည် နေပြည်တော်စည်ပင်သာယာရေးဥပဒေအရ အခွန်၊ အခများရရှိစေရေးအတွက် မြို့ဝင်ကြေး ဘီးကောက်များ၊ ကူးတို့အကောက်များအား ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်း၊လုပ်ထုံးလုပ်နည်း၊အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ နှစ်စဉ်လေလံစနစ်ဖြင့် လိုင်စင်ချထားကောက်ခံလျက်ရှိပါသည်-
(က) | မြို့ဝင်ကြေး ဘီးကောက်ဂိတ်များ အနေဖြင့် နေပြည်တော်သို့ အဝင်နယ်နိမိတ်အစပ်နေရာ(၆)နေရာတို့တွင်တည်ရှိပြီး တန်ပိုဒဏ်ကြေးကောက်ခံ သည့်ဂိတ်(၁)ဂိတ်လည်း ရှိပါသည်။ |
(ခ) | ကူးတို့အကောက်များ အနေဖြင့် နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပေါင်းလောင်းမြစ်အား ဖြတ်ကူးသည့် ကူးတို့လုပ်ငန်း(၄)ခု ဖြင့် ကောက်ခံဆောင်ရွက် လျက်ရှိပါသည်။ |
|
၂။ | အဝေးပြေး ကုန်တင်ယာဉ်ရပ်နားစခန်းနှင့် ခရီးသည်တင်ယာဉ်ရပ်နားစခန်းအနေဖြင့် ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းအား အောက်ပါအတိုင်းတည်ထောင်ဖွင့်လှစ်ထားပါသည်-
ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်း
(က) | စတင်ဖွင့်လှစ်သည့်နေ့- ၈.၁၂.၂၀၀၆ |
(ခ) | တည်နေရာ-နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဘောဂဝတီရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း နှင့်ပျဉ်းမနားမြို့ရှောင်လမ်းတို့ဆုံရာတွင် တည်ရှိပါသည်။ |
(ဂ) | အကျယ်အဝန်း- (၉၅.၈၂) ဧက |
(ဃ) | ဆိုင်ခန်းအမျိုးအစား- အောက်ပါအတိုင်းဆိုင်းခန်းပေါင်း(၄၁၁)ခန်းရှိပါသည်-
စဉ် |
အမျိုးအမည် |
အကျယ်အဝန်း(စတုရန်းပေ) |
ရှိရင်း |
နေရာချပြီး |
လစ်လပ် |
တန်ဘိုး (ကျပ်သိန်း) |
(၁) |
ပွဲရုံခန်း(RC ၂ထပ်) |
၁၂၀၀(အောက်) |
၂၁၀ |
၂၀၅ |
၅ |
၅၅၀ |
|
|
၆၀၀(အပေါ်) |
|
|
|
|
(၂) |
ကားဂိတ်ခန်း(RC ၂ထပ်) |
၁၀၀၀(အောက်) |
၉၆ |
၉၆ |
- |
၄၀၀ |
|
|
၄၃၂(အပေါ်) |
|
|
|
|
(၃) |
စားသောက်ဆိုင်ခန်း(RC ၁ထပ်) |
၁၂၀၀ |
၃၆ |
၃၆ |
- |
၂၀၀ |
(၄) |
ယာဉ်ပြင်အလုပ်ရုံ(သွပ်မိုးကွန်ကရစ်ခင်း အုတ်နံကပ်) |
၁၆၈၀ |
၅၉ |
၅၉ |
- |
၂၀၀ |
(၅) |
ရေဆေးခုံနှင့်အလုပ်ရုံ(သွပ်မိုးကွန်ကရစ်ခင်း အုတ်နံကပ်) |
၈၄၀ |
၁၀ |
၁၀ |
- |
၂၀၀ |
|
(င) | အထက်ပါပွဲရုံဆိုင်ခန်းလစ်လပ်(၅)ခန်းအား(၁)ခန်းလျှင် ဆိုင်ခန်းတန်ဘိုးငွေကျပ် (၅၅၀)သိန်းဖြင့် အခွန်ဌာနသို့ လျှောက်ထားဝယ်ယူနိုင်ပါသည်၊ |
| |