အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
| ၁။ | နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဆောက်လုပ်မည့် အဆောက် အအုံများနှင့်ပတ်သက်၍ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထား စေခြင်း၊ စစ်ဆေးခြင်း၊ ဆောက်လုပ်ခွင့်ပြုမိန့်ပေးခြင်း၊ ရပ်ဆိုင်းခြင်း၊ ငြင်းပယ်ခြင်း၊ တားမြစ်ခြင်း၊ အရေးယူခြင်း။ |
| ၂။ | ကော်မတီပိုင်မြေများပေါ်တွင် အဆောက်အအုံအစိတ်အပိုင်းများ ကျူးကျော် ခြင်းကို စစ်ဆေးခြင်း၊ ကျူးကျော်ဆောက်လုပ်ထားသော အဆောက်အဦကို ဖြိုဖျက်စေခြင်း၊ ဖယ်ရှားစေခြင်း၊ အရေးယူခြင်း။ |
| ၃။ | ကော်မတီပိုင်မြေပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းများ စုပုံထားရှိခြင်းကို စစ်ဆေးခြင်း၊ အခွန်စည်းကြပ်ကောက်ခံခြင်း။ |
| ၄။ | ကြော်ငြာဆိုင်းဘုတ်များကို စိစစ်ခွင့်ပြုခြင်း၊ အခွန်အခများ စည်းကြပ် ကောက်ခံခြင်း၊ ဟောင်းနွမ်းသော ဆိုင်းဘုတ်များအသစ်ပြုလုပ်စေခြင်း၊ ဖယ်ရှားစေခြင်း၊ |
| ၅။ | ကော်မတီအတွက်နှစ်တို၊ နှစ်ရှည်စီမံကိန်းများရေးဆွဲရာတွင် ဆောက်လုပ် ရေးကဏ္ဍကို ရေးဆွဲတင်ပြခြင်း။ |
| ၆။ | မြို့ပြစီမံကိန်းများချမှတ်ပြီး တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း။ |
| ၇။ | နေပြည်တော်မြို့တော်အား ခေတ်မီမြို့ပြစီမံကိန်းများချမှတ်ပြီး တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း။ |
| ၈။ | အဆောက်အဦဆောက်လုပ်ရန် ခွင့်ပြုချက်ရယူမှုမရှိသော (သို့မဟုတ်) ခွင့်ပြုပုံစံ နှင့်ညီညွတ်မှုမရှိသော အဆောက်အအုံများကို ပယ်ဖျက်ခြင်း၊ တရားစွဲဆိုခြင်း၊ ခွင့်ပြုပုံစံနှင့်အညီ သတ်မှတ်ကာလအတွင်း ပြန်လည်ပြုပြင် ဆောက်လုပ်ရန် ညွှန် ကြားခြင်း။ |
| ၉။ | အင်ဂျင်နီယာလုပ်ငန်းကြီးကြပ်ခွင့်လိုင်စင်များ စိစစ်ထုတ်ပေးခြင်း၊ သက် တမ်းတိုးပေးခြင်း။ |
| ၁၀။ | တည်ဆောက်ရေးလုပ်ငန်းခွင်များ စနစ်တကျရှိစေရန် စစ်ဆေးကြပ်မတ် ခြင်း၊ နေပြည်တော်အင်္ဂါရပ်နှင့် အညီဆောက်လုပ်ရန် လမ်းညွှန်ခြင်း။ |
| ၁၁။ | အန္တရာယ်ဖြစ်စေနိုင်သော အဆောက်အအုံအဟောင်းများကို စစ်ဆေးခြင်း၊ ပြုပြင်ဆောင်ရွက်စေခြင်း၊ ဖျက်သိမ်းရန်တင်ပြဆောင်ရွက်ခြင်း၊ အသစ်ပြန် လည်တည်ဆောက်စေခြင်း။ |
| ၁၂။ | အန္တရာယ်ရှိအဆောက်အအုံများ ပြန်လည်တည်ဆောက်ပြီးစီးပါက မူလနေထိုင် သူများအား ပြန်လည်နေရာချထားခြင်း။ |
| ၁၃။ | ခွင့်ပြုချက်ဖြင့်ဆောက်လုပ်ပြီးစီးသော အဆောက်အအုံများအပေါ် တက် ရောက်နေထိုင်ခွင့်(သို့မဟုတ်)အသုံးပြုခွင့်လျှောက်ထားခြင်းများအား စိစစ်ခွင့်ပြု ခြင်း၊ အရေးယူခြင်း၊ |
| ၁၄။ | ကျူးကျော်တဲများကို သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း၍ စစ်ဆေးအရေးယူ ခြင်း၊ ကော်မတီပိုင်မြေများ၊ အဆောက်အအုံများကို စီမံခန့်ခွဲခြင်း၊ ကော်မ တီပိုင် အဆောက်အအုံမြေနေရာများကို မှတ်ပုံတင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ကော်မတီပိုင်ဝန်ထမ်းအိမ်ရာများကို ကြီးကြပ်ထိန်းသိမ်းခြင်း။ |
| ၁၅။ | နိုင်ငံတော်အခမ်းအနားများတွင် ပါဝင်ကူညီဆောင်ရွက်ခြင်း။ |
ပုံစံ/ခွင့်ပြုဌာနခွဲ၏လုပ်ငန်းတာဝန်များ
| ၁။ | နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခွင့်ပြုခြင်း |
| ၂။ | ခြံစည်းရိုးကာရံခွင့်ပြုခြင်း |
| ၃။ | အဆောက်အအုံဟောင်းများဖြိုဖျက်ခွင့်ပြုခြင်း |
| ၄။ | အဆောက်အအုံပြင်ဆင်ခွင့်ပြုခြင်း |
| ၅။ | အဆောက်အအုံ ပုံစံပြောင်းခွင့်ပြုခြင်း |
| ၆။ | အဆောက်အအုံ ဆောက်လုပ်မိန့် သက်တမ်းတိုးခွင့်ပြုခြင်း |
| ၇။ | အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်းသက်သေခံလက်မှတ် (Building Completion Certificate,BCC)ထုတ်ပေးခြင်း |
| ၈။ | ဆက်သွယ်ရေးတာဝါတိုင် ဆောက်လုပ်ခွင့်ပြုခြင်း |
| ၉။ | လိုင်စင်ရအင်ဂျင်နီယာ လျှောက်ထားခွင့်ပြုခြင်း |
| ၁၀။ | ကြော်ငြာဆိုင်းဘုတ်၊ ယာယီဆိုင်းဘုတ်တပ်ဆင်ခွင့်ပြုခြင်း |
| ၁၁။ | အဆောက်အအုံ ပယ်ဖျက်ခွင့်တို့ကို စိစစ်ဆောင်ရွက်ခြင်း |
| ၁၂။ | အဆောက်အအုံဆောက်လုပ်ခွင့်ပြုမိန့်ဆိုင်ရာ ဝန်ဆောင်ခများကို E-Payment စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း။ |







