nptdc title

Language »  English | Myanmar

စျေးများဌာန
  • နေပြည်တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ဖွင့်လှစ်ထားရှိသော စျေးများတွင် စျေးစည်းကမ်းများနှင့်အညီ ဆိုင်ခန်းတန်ဖိုးသတ်မှတ်နှုန်းထားများအတိုင်း ဆိုင်ခန်းများအငှားချထားစေပြီး ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • နေပြည်တော်စည်ပင်သာယာရေးကော်မတီ စျေးများဌာနကွပ်ကဲမှုအောက် စျေးများရှိစျေးဆိုင်ခန်းများအတွက် စျေးဆိုင်ခန်းအငှားချထားခြင်းလိုင်စင်ကဒ်များ ထုတ်ပေးလျက်ရှိပြီး လျှောက်လွှာပုံစံဖြင့် ဆိုင်ခန်းအငှားချထားသူမှ လျှောက်ထားရပါမည်။
  • စျေးများဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီး စျေးဆိုင်ခန်းအငှားချထားခြင်းလိုင်စင်ကဒ်အား အငှားချထားသူကိုယ်တိုင်ထံသို့ ထုတ်ပေးလျက်ရှိပါသည်။
  • နေပြည်တော်စည်ပင်သာယာရေးကော်မတီ စျေးများဌာနကွပ်ကဲမှုအောက်စျေးများရှိ စျေးဆိုင်ခန်းများရောင်းဝယ်ဖောက်ကားမှု အဆင်ပြေစေနိုင်ရေးအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဆိုင်ခန်းများအလိုက် အောက်ပါအတိုင်းချေးငွေရရှိရေးဆောင်ရွက်ပေးလျက်ရှိပါသည်-

စဉ် စျေးအမည် ဆိုင်ခန်းအမျိုးအစား ရရှိမည့်ချေးငွေ
(က) နေပြည်တော်မြို့မစျေး ပွဲရုံဆိုင်ခန်း ဆိုင်ခန်းတန်ဖိုးအတိုင်း
(ခ) နေပြည်တော်မြို့မစျေး Show Room, RC, ဆိုင်ခန်းတန်ဖိုးအတိုင်း
Work Shop, အတွင်းရုံ၊စားသောက်ဆိုင်ခန်း ဆိုင်ခန်းတန်ဖိုးတ၀က်
(ဂ) သပြေကုန်းစျေး Show Room , RC, စားသောက်ဆိုင်ခန်း ဆိုင်ခန်းတန်ဖိုးအတိုင်း
(ဃ) အာဟာရသုခစျေး ပွဲရုံ ဆိုင်ခန်းတန်ဖိုးအတိုင်း
(င) ပုဗ္ဗသီရိစျေး Show Room, RC, စားသောက်ဆိုင်ခန်း ဆိုင်ခန်းတန်ဖိုးတဝက်
(စ) ရွှေကြာပင်စျေး Work Shop ဆိုင်ခန်းတန်ဖိုးတဝက်
  • ပျဉ်းမနားမြို့မစျေး၊ လယ်ဝေးမြို့မစျေး၊ တပ်ကုန်းမြို့မစျေးများရှိ ဆိုင်ခန်းများအတွက် ချေးငွေကော်မတီဖွဲ့စည်း၍ ချေးငွေရရှိရေးဆောင်ရွက်ပေးလျက်ရှိပါသည်။

  • နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာနကွပ်ကဲမှုအောက်ရှိ စျေးအသီးသီးတွင် နေ့စဉ် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေးအတွက် စျေးတာဝန်ခံများမှ တာဝန်ယူဆောင်ရွက်ပြီး နေ့ဆိုင်း၊ ညဆိုင်း (၂)ဆိုင်းခွဲ၍သန့်ရှင်းရေးဝန်ထမ်းများဖြင့် သိမ်းဆည်းပြီး နေ့စဉ်အမှိုက်ကားဖြင့် သိမ်းဆည်းစွန့်ပစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။စျေးအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် စျေးအတွင်းရှိရေမြောင်းများ အမြဲရှင်းလင်းခြင်း၊ စျေးအိမ်သာများပိုမိုသန့်ရှင်းရန်အတွက် သန့်ရှင်းရေးလုပ်သားများထားရှိ၍ အမြဲသန့်ရှင်းနေစေရေးဆောင်ရွက်ပေးလျက်ရှိပါသည်။
  • သား/ငါးရုံများ အနံ့အသက်ကင်းရှင်းစေရေးအတွက် သား/ငါးများမှထွက်ရှိသော အညစ်အကြေးများကို စနစ်တကျထုတ်ပိုးပြီး အမှိုက်ပုံးတွင် စွန့်ပစ်ခြင်း၊ ညနေပိုင်းတွင် သား/ငါးရုံများအားဆေးကြောခြင်း၊ ထုံးဖြူးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
  • စျေးအသီးသီးတွင် သာယာလှပစေရေးအတွက် အရိပ်ရပင်များ၊ ပန်းအလှပင်များနှင့် မြက်ခင်း စသည့်မြေယာရှုခင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • စျေးလုံခြုံရေးအတွက် စျေးအသီးသီးတွင် စျေးလုံခြုံရေးစီမံချက်ရေးဆွဲထားရှိပြီး ညစောင့်ဝန်ထမ်းများထားရှိ၍ စျေးပိတ်ချိန်တွင်ဆိုင်ခန်းများ သော့ခတ်ပိတ်ထားခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ စျေးဆိုင်ခန်း Breakerများချထားခြင်းရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ပြီး နေ့စဉ် ည(၁၈:၀၀)နာရီမှ နံနက်(၀၆:၀၀)နာရီအထိ ညစောင့်အဖွဲ့ဖြင့် စျေးအတွင်းလှည့်လည်စစ်ဆေးခြင်း၊ သတ်မှတ်နေရာများတွင် ညစောင့်ဝန်ထမ်းထားရှိ၍ စောင့်ကြည့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ နေ့အချိန်တွင်လည်း စည်းကမ်းထိန်းဝန်ထမ်းများထားရှိပြီး သတ်မှတ်နေရာများတွင် စည်းကမ်းထိန်းဝန်ထမ်းများထားရှိခြင်း၊ စည်းကမ်းထိန်းဝန်ထမ်းအဖွဲ့ဖြင့် စျေးအတွင်း လှည့်လည်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးစီမံချက်ရေးဆွဲထားရှိပြီး အခါအားလျော်စွာ မီးသတ်ဦးစီး ဌာနနှင့်ပူးပေါင်း၍ မီးဘေးသရုပ်ပြ ပညာပေးဆွေးနွေးခြင်း၊ စျေးဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးထားရှိခြင်း၊ စျေးအသီးသီးတွင် မီးသတ်ရေလှောင်ကန်များထားရှိပြီး (၂၄)နာရီရေအပြည့်ဖြည့်ထားခြင်း၊ မီးသတ်ရေငုတ်များထားရှိခြင်းနှင့် မီးသတ်ကားများအလွယ်တကူဝင်ရောက်နိုင်ရန်ဆောင်ရွက်ပေးထားပါသည်။
  • မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မီးလိုင်းများစစ်ဆေးပြုပြင်ခြင်း၊ စျေးများရှိလုံခြုံရေးမီးလိုင်းနှင့် ဆိုင်ခန်းသုံးမီးလိုင်းများ သီးခြားခွဲခြားထားရှိပြီး စစ်ဆေးခြင်း၊ စျေးရုံအလိုက် Main Breaker များထားရှိ၍ နေ့စဉ်စျေးပိတ်ချိန်တွင် ဆိုင်မီးများစနစ်တကျပိတ်စေခြင်းတို့ကို စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါသည်။
  • ထို့အပြင် စျေးအသီးသီးတွင် မီးလောင်လွယ်သည့်ပစ္စည်းများ သိမ်းဆည်းသိုလှောင်ထားရှိမှုမရှိစေရန်၊ လျှပ်စစ်မီးများပေါ့ဆစွာသုံးစွဲခြင်းများ မပြုလုပ်ကြစေရန်နှင့် မီးဘေးကာကွယ်ရေးအတွက် အစဉ်သတိရှိစေရန် သတိပေးနှိုးဆော်ချက်များကို Hand Speaker ဖြင့် စျေးအတွင်း လှည့်လည်ကြေငြာခြင်း၊ စျေးပိတ်ချိန်တွင် ဦးထွန်းရွှေ၏ မီးဘေးသတိပေးသီချင်းအား နေ့စဉ်အသံချဲ့စက်ဖြင့် ဖွင့်လှစ်နိုးဆော်ကြေငြာခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။စျေးဆိုင်ခန်းများတွင် အမွှေးတိုင်မီး၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးထွန်းခြင်းများ မပြုလုပ်ရန်နှင့် စားသောက်ဆိုင်များတွင် မီးကြွင်း၊ မီးကျန်များ မရှိစေရေးလှည့်လည်စစ်ဆေးခြင်း၊ ညအချိန်တွင်ဆိုင်ခန်းမီးများမိန်းချ၍ လုံခြုံရေးမီးသာဖွင့်စေခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

စျေးများဌာနကွပ်ကဲမှုအောက်ရှိ စျေးများတွင်ကောက်ခံလျက်ရှိသော အခွန်အခအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) စျေးဆိုင်ခွန် စျေးများရှိ မှတ်ပုံတင်ထားသောဆိုင်ခန်းများအား သတ်မှတ်နှုန်းထားများအတိုင်း ဆိုင်ခွန်ပြေစာများဖြင့် ကောက်ခံပေးသွင်းပါသည်။ ဆိုင်ခွန်များကို လစဉ်(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပေးသွင်းရမည်ဖြစ်ပြီး (၁၆)ရက်နေ့မှစ၍ (၁)ရက်လျှင်ဆိုင်ခွန်၏ (၁%)ကို ဒဏ်ကြေးအဖြစ်ပေးသွင်းရမည်ဖြစ်ပါသည်။
စျေးဆိုင်ခန်းခွန် စည်းကြပ်မှုနှုန်းထားများ
(ခ ) မီတာခ စျေးဆိုင်ခန်းများတွင် Sub Meter များတပ်ဆင်ထားပြီး သုံးစွဲသည့်ယူနစ်အတိုင်း ကျသင့်ငွေကို ပြေစာဖြင့်လစဉ်ကောက်ခံပါသည်။
(ဂ ) စျေးကောက် ပျံကျစျေးသည်များအား ဆိုင်နေရာအကျယ်အဝန်း ပေါ်မူတည်၍ ပြေစာဖြင့် နေ့စဉ်ကောက်ခံပါသည်။
(ဃ) မှတ်ပုံတင်ကြေး စျေးများရှိမှတ်ပုံတင်ထားသည့်ဆိုင်ခန်းများအား (၁)နှစ်လျှင်တစ်ကြိမ် မှတ်ပုံတင်ကြေးအဖြစ် ဆိုင်ခွန်၏(၁)လစာကို ပြေစာဖြင့်ကောက်ခံပါသည်။
(င ) သန့်စင်ခန်း
ဝင်ကြေး
စျေးများရှိသန့်စင်ခန်းကို လေလံစနစ်ဖြင့်ဆောင်ရွက်လျက်ရှိပြီး သန့်စင်ခန်းဝင်ကြေးကို တစ်ဦးလျှင်(၅၀/-)နှုန်းကောက်ခံလျက်ရှိပါသည်။

  • စျေးများဌာနသည် စျေးအသီးသီးတွင် ခြင်၊ ယင်နှိပ်နှင်းရေးအတွက် တစ်ပတ်လျှင်(၁)ကြိမ် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။စျေးများတွင် ခွင့်မပြုဆိုးဆေးပါဝင်သည့် စားသောက်ကုန်များ၊ သား/ငါးများ ရောင်းချမှုမရှိစေရန် ဆောင်ရွက်လျက်ရှိပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန၊ ကျန်းမာရေးဌာန၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနနှင့် ပူးပေါင်း၍ အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးသိမ်းဆည်း၊ ဖျက်ဆီး၍ ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ သန့်ရှင်းလတ်ဆတ်သော သား/ငါးများရောင်းချနိုင်စေရန် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနတို့နှင့် ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

  • နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာနကွပ်ကဲမှုအောက် စျေးများ အားလုံးရှိ စျေးဆိုင်ခန်းများအနေဖြင့် စျေးဆိုင်ခန်းအခွန်ထမ်း အမည်ပြောင်းလဲလိုပါက အောက်ပါ အတိုင်း ဆောင်ရွက်ရပါမည်-
(က) မူလဆိုင်ငှားထံမှ ပြောင်းလဲလက်ခံရရှိသည့် စာရွက်စာတမ်းသဘောတူစာချုပ် အထောက်အထားမူရင်း
(ခ ) စျေးဆိုင်ခန်းအငှားချထားခြင်းလိုင်စင်မူရင်း
(ဂ ) နောက်ဆုံးပေးဆောင်ထားသည့် ဆိုင်လခပေးသွင်းချလံမူရင်း
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(င ) အိမ်ထောင်စုဇယားမိတ္တူ
(စ ) နှစ်ဦးနှစ်ဖက် ဝန်ခံကတိပြုချက်
  • အထက်ပါအချက်များပြည့်စုံပါက အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း မူလဆိုင်ခန်းပိုင်ရှင်နှင့် အမည်ပြောင်းလဲမည့်သူနှစ်ဦးစလုံး စျေးများဌာနသို့လာရောက်ပြီး သဘောတူကြောင်း လက်မှတ် ရေးထိုးပြီးပါက ကန့်ကွက်လွှာ(၁၄)ရက်ခေါ်ယူ၍ လုပ်ထုံးလုပ်နည်း စျေးစည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • စျေးများဌာနသို့ မူလပိုင်ရှင်မလာရောက်နိုင်ပါက နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက် နိုင်ကြောင်း ကြော်ငြာ(၁၄)ရက် ရက်ခေါ်ယူ၍ လုပ်ထုံးလုပ်နည်း စျေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

  • စျေးများဌာနရှိ နေပြည်တော်ပုဗ္ဗသီရိစျေးနှင့် နေပြည်တော်ဒက္ခိဏသီရိစျေးတွင် ရောင်းရန်ကျန်ဆိုင်ခန်းများရှိ ပါသဖြင့် မည်သူမဆိုလွတ်လပ်စွာ၀ယ်ယူနိုင်ပါသည်။
  • ရောင်းရန်ကျန်ဆိုင်ခန်းများနှင့်ဆိုင်ခန်းတန်ဖိုးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
  • နေပြည်တော်ပုဗ္ဗသီရိစျေးဆိုင်ခန်းများ ရောင်းရန်ကျန်စာရင်း

    စဉ် ဆိုင်ခန်းအမျိုးအစား ရောင်းရန်ကျန်ဆိုင်ခန်းအရေအတွက် ဆိုင်ခန်း(၁)ခန်းတန်ဘိုး
    ၁။ စားသောက်ဆိုင် ၃၀၆ သိန်း
    ၂။ Show Room ၈၅၀ သိန်း
    ၃။ RC-အပြင်ကြား ၁၄ ၇၅ သိန်း
    ၄။ RC-အတွင်းထောင့် ၇၅ သိန်း
    ၅။ RC-အတွင်းကြား ၆၉ ၇၀ သိန်း
    ၆။ ကုန်စိမ်း/စုံ ၇.၅ သိန်း
    ၇။ သား/ငါး ၇.၅ သိန်း

    နေပြည်တော်ဒက္ခိဏသီရိစျေးဆိုင်ခန်းများ ရောင်းရန်ကျန်စာရင်း

    စဉ် ဆိုင်ခန်းအမျိုးအစား ရောင်းရန်ကျန်ဆိုင်ခန်းအရေအတွက် ဆိုင်ခန်း(၁)ခန်းတန်ဘိုး
    ၁။ Show Room ၁၃ ၃၅၀ သိန်း
    ၂။ RC-အပြင်ထောင့် ၁၇၀ သိန်း
    ၃။ RC-အပြင်ကြား ၄၄ ၁၆၀ သိန်း
    ၄။ RC-အတွင်းထောင့် ၁၆၀ သိန်း
    ၅။ RC-အတွင်းကြား ၇၄ ၁၅၀ သိန်း
    ၆။ ကုန်စိမ်း/စုံ ၁၅ သိန်း
    ၇။ သား/ငါး ၆၂ ၁၈ သိန်း
    အသေးစိတ်သိရှိလိုပါက စျေးများဌာန(ရုံးချုပ်) ဖုန်းအမှတ်(၀၆၇-၄၁၄၂၉၃)သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

စျေးများဌာနမှ မိဘပြည်သူများသို့ ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
၁။ စျေးဆိုင်ခန်းများအငှားချထားပေးခြင်း၊
၂။ ဆိုင်ခန်းအငှားချထားခြင်း၊လိုင်စင်ကဒ်များထုတ်ပေးခြင်း၊
၃။ ဆိုင်ခန်းရှင်များသို့ နေပြည်တော်စည်ပင်ဘဏ်မှ ချေးငွေရရှိရေး ဆောင်ရွက်ပေးခြင်း၊
၄။ စျေးများသန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေးဆောင်ရွက်ခြင်း၊
၅။ စျေးလုံခြုံရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်း၊
၆။ အခွန်၊ အခအမျိုးအစားနှုန်းထားအလိုက် ကောက်ခံသည့်စနစ်ဆောင်ရွက်ခြင်း၊
၇။ ကျန်းမာရေးနှင့် သက်ဆိုင်သည့်လုပ်ငန်းများဆောင်ရွက်ခြင်း၊
၈။ စျေးဆိုင်ခန်းအခွန်ထမ်းဆောင်သူအမည်ပြောင်းလဲပေးခြင်း။