စာရင်းရှင်စာရင်းဖွင့်လှစ်နိုင်သည့်အမျိုးအစား(Type)
- တစ်ဦးချင်းစီ/တစ်ဦးထက်ပို၍သော်လည်းကောင်း (Individual / Joint)
    
- အဖွဲအစည်းအနေနှင့်သော်လည်းကောင်း (Association)
                    
- ကုမ္ပဏီအနေဖြင့်သော်လည်းကောင်း (Company) 
                                    
ငွေစုစာရင်းဖွင့်လှစ်နိုင်သည့်အမျိုးအစား (Type)
- တစ်ဦးချင်းစီ/တစ်ဦးထက်ပို၍သော်လည်းကောင်း (Individual / Joint)
    
- အဖွဲအစည်း/ကုမ္ပဏီအနေနှင့်သော်လည်းကောင်း (Organization)
                    
- သက်ငယ်စာရင်း (Minor) 
   
*(၃)လတစ်ကြိမ် အတိုးထည့်သွင်းပေးပါသည်။ လစဉ်လဆန်း(၇)ရက်နေ့အထိငွေသွင်းသည့်အပေါ်တွင် အတိုးပေးပါသည်။  
| ငွေစုသည့်ပမာဏ | 
ရရှိမည့်အတိုးရာခိုင်နှုန်း | 
| ကျပ် ၁ဝဝ	 | 
တစ်နှစ်လျှင်   ၈.၅% | 
စာရင်းသေအပ်ငွေစာရင်းဖွင့်လှစ်နိုင်သည့်အမျိုးအစား (Type)
- တစ်ဦးချင်းစီ/တစ်ဦးထက်ပို၍သော်လည်းကောင်း (Individual / Joint)
    
- အဖွဲအစည်းအနေနှင့်သော်လည်းကောင်း (Association)
                    
- ကုမ္ပဏီအနေဖြင့်သော်လည်းကောင်း (Company) 
   
*	ရက်အလိုက်အတိုးတွက်ချက်ပေးပါသည်။ သက်တမ်းစေ့ရောက်ပြီးကျော်လွန် သောကာလကို အတိုးပေးမည်မဟုတ်ပါ။သက်တမ်းမစေ့မီအပ်ငွေပြန်လည်	ထုတ်ယူပါကအတိုးခံစားခွင့်မရှိပါ။	 
                       
စာရင်းသေအပ်ငွေအတိုးနှုန်းများမှာ- 
|  ကာလအပိုင်းအခြား
 | ရရှိမည့်အတိုးရာခိုင်နှုန်း
 | 
| ၁ လ | 
၈.၅ဝ% | 
| ၂ လ | 
၈.၇၅% | 
| ၃ လ | 
၉.ဝဝ% | 
| ၆ လ	 | 
၉.၅ဝ% | 
| 	၉ လ | 
၉.၇၅% | 
|    ၁၂ လ | 
၁ဝ.ဝဝ% | 
ခေါ်ယူအပ်ငွေစာရင်းဖွင့်လှစ်နိုင်သည့်အမျိုးအစား (Type) 
- 	တစ်ဦးချင်းစီ/တစ်ဦးထက်ပို၍သော်လည်းကောင်း (Individual / Joint)
    
- အဖွဲအစည်း/ကုမ္ဋဏီအနေနှင့်သော်လည်းကောင်း (Organization)
                    
- ကုမ္ပဏီအနေဖြင့်သော်လည်းကောင်း (Company) 
   
*  မိမိ၏ နောက်ဆုံးလက်ကျန်ပေါ်တွင်ရက်အလိုက် အတိုးပေးပါသည်။ (၃)လတစ်ကြိမ်အတိုးထည့်သွင်းပေးပါသည်။
                       
|  ငွေစုသည့်ပမာဏ
 | ရရှိမည့်အတိုးရာခိုင်နှုန်း
 | 
| ၁ဝဝသိန်းအောက် | 
၄% | 
|  ၁ဝဝသိန်းနှင့်အထက် | 
၈% | 
      
        
        		
                
                          
                    
- 	အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။
    
- စာရင်းဖွင့်မည့်သူ ကိုယ်တိုင်လာရမည်။
                    
- နိုင်ငံသားစိစစ်ရေးကဒ် ယူဆောင်လာရမည်။ 
  
- စာရင်းဖွင့်လျှင် ငွေကျပ် (-၁ဝ,ဝဝဝ/-)ဖြင့် စတင်ဖွင့်လှစ်ရမည်။
   
- ကုမ္ပဏီစာရင်း/အဖွဲ့အစည်းစာရင်းများ ဖြစ်ပါက အောက်ပါအချက်များကို ပြည့်စုံစွာ ယူဆောင်လာရမည်-
 
- စာရင်းဖွင့်လှစ်ခွင့်လျှောက်လွှာ
 
- သင်းဖွဲ့စည်းမျဉ်း/သင်းဖွဲ့မှတ်တမ်း
 
- BOD မှတ်တမ်း
 
- ကုမ္ဋဏီ Registration No 
 
- Form 6
 
- သက်ငယ်စာရင်းများဖြစ်ပါက
 
- အိမ်ထောင်စုစာရင်း
 
- ကလေးမွေးစာရင်း
 
- မိဘမှတ်ပုံတင်အမှတ်
 
* စာရင်းဖွင့်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါကဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
     
        		
                
                
                    
  ချေးငွေထုတ်ချေးခြင်း
နေပြည်တော်စည်ပင်ဘဏ်လီမိတက်မှ နေပြည်တော်ကောင်စီနယ်မြေအတွင်း အများပြည်သူများ၏ စီးပွားရေးလုပ်ငန်းများ ပြေလည်စေရန်အတွက်  အောက်ပါချေးငွေအမျိုးအစားများကို ထုတ်ချေးလျက်ရှိပါသည်-
- 	Naypyitaw ဈေးဆိုင်ခန်းရှင်ချေးငွေများ
 
- Shopping & Hotels ချေးငွေ
 
- ပုဂ္ဂလိကချေးငွေ
 
- ဈေးကော်မတီအဖွဲ့အစည်းချေးငွေ
 
- 	အထူးမြေကွက်နှင့်ဆောက်လုပ်ရေးလုပ်ငန်းချေးငွေ
 
- ပုဗ္ဗသီရိဝန်ထမ်းအိမ်ရာချေးငွေ
 
	*ထုတ်ယူသည့်ငွေပမာဏပေါ်တွင်ထုတ်ယူသည့်ကာလအတွက် ရက်အလိုက်အတိုးတွက်ချက်ပါသည်။လက်ရှိအတိုးနှုန်းမှာ (၁၃%) ဖြစ်ပြီး ဝန်ဆောင်ခ (၁%) ကို ကောက်ခံခြင်း မရှိပါ။ချေးငွေသက်တမ်းမှာ (၁)နှစ်ဖြစ်သည့်အတွက် ဆက်လက်ချေးယူလိုလျှင် သက်တမ်းမကုန်မီကြိုတင်လျှောက်ထားရပါမည်။
	*မရွှေ့မပြောင်းနိုင်သောအိမ်ခြံမြေနှင့်အဆောက်အဦးများကို အာမခံအဖြစ်ထားရှိနိုင်ပါသည်။
        		
        		
                
                
                    
    ချေးငွေလျှောက်ထားရာတွင် လိုအပ်သောစာရွက်စာတမ်းများ
- ချေးငွေလျှောက်လွှာ (မည်သည့်ကိစ္စရပ်အတွက် ငွေချေးရန်)
   
- ငွေချေးမည့်သူ၏ မှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စုဇယားမိတ္တူ
 
- အာမခံပေးမည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်း၏ပိုင်ဆိုင်မှု စာရွက်စာတမ်းအထောက်အထား(မြေငှားဂရန်၊ မြေစာရင်းပုံစံ - ၁ဝ၅၊ ၁ဝ၆)
 
- မြေဂရန် ၊ ဘိုးဘွားပိုင်မြေများ မည်ကဲ့သို့ ပိုင်ဆိုင်ကြောင်း အထောက်အထား (မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ၊ ပေးကမ်းစာချုပ် )
   
- သက်တမ်းရှိ လုပ်ငန်းလိုင်စင် ၊ လုပ်ငန်းခွင့်ပြုချက်
   
- လုပ်ငန်း အရှုံး/အမြတ် စာရင်း
   
- လွန်ခဲ့သည့် (၃)နှစ်အတွင်း ပေးဆောင်ခဲ့သည့် အမြတ်ခွန်/ဝင်ငွေခွန်
  
- အာမခံတင်သွင်းထားသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၏ ( Drawing )၊( Layout PLan) များနှင့် ဓါတ်ပုံမှတ်တမ်းများ (အာမခံပေးသည့်အဆောက်အဦးနှင့် စီးပွားရေးလုပ်ငန်းပြ 			   ဓါတ်ပုံများ)
   
- ပိုင်ဆိုင်မှု မှန်ကန်ကြောင်း ရှေ့နေအစီရင်ခံစာ (မပြည့်စုံပါက ကျမ်းကျိန်လွှာ)
   
- လုံလောက်သော မီးအာမခံထားရှိစေရေး၊ မူလမီးအာမခံထားရှိပြီးဖြစ်ပါက မူလပိုင်ရှင်အမည်မှ ဘဏ်အမည်သို့ ပြောင်းလဲရန်။
    
* ချေးငွေနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါကဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။              
                
        		
                
                
                    
နေပြည်တော်စည်ပင်ဘဏ်လီမိတက်မှ အများပြည်သူများ၏ ငွေလွှဲခြင်းလုပ်ငန်းများကို Online နည်းစနစ်ကိုအသုံးပြုကာ တိကျမှန်ကန်မြန်ဆန်စွာဖြင့် ဆောင်ရွက်ပေးလျှက်ရှိပါသည်။
နေပြည်တော်စည်ပင်ဘဏ်လီမိတက်နှင့် ချိတ်ဆက်ထားသော အောက်ဖော်ပြပါဘဏ်များ၏ ဘဏ်ခွဲမြို့နယ်များသို့ ငွေလွှဲပေးပို့နိုင်ပါသည်-
| * ကမ္ဘောဇဘဏ်လီမိတက် | 
ငွေကျပ် (၁ဝဝ)လျှင် ၁၅ ပြားနှုန်း | 
| *ယူနိုက်တက်အမရဘဏ်လီမိတက် | 
ငွေကျပ် (၁ဝဝ)လျှင် ၁ဝ ပြားနှုန်း | 
| * ရိုးမဘဏ်လီမိတက် | 
ငွေကျပ် (၁ဝဝ)လျှင် ၅ ပြားနှုန်း | 
| * သမဝါယမဘဏ်လီမိတက် | 
ငွေကျပ် (၁ဝဝ)လျှင် ၅ ပြားနှုန်း | 
| * ကမ္ဘာ့ရတနာဘဏ်လီမိတက် | 
ငွေကျပ် (၁ဝဝ)လျှင် ၅ ပြားနှုန်း | 
| * မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် | 
ငွေကျပ် (၁ဝဝ)လျှင် ၅ ပြားနှုန်း | 
| * အာရှရန်ကုန်ဘဏ်လီမိတက် | 
ငွေကျပ် (၁ဝဝ)လျှင် ၅ ပြားနှုန်း | 
* ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေး ဘဏ်လီမိတက်
 | 
	ငွေကျပ် (၁ဝဝ)လျှင် ၅ ပြားနှုန်း | 
| * ဧရာဝတီဘဏ်လီမိတက်
 | 
	ငွေကျပ် (၁ဝဝ)လျှင် ၅ ပြားနှုန်း | 
*  ငွေလွှဲခမှာ အနည်းဆုံး(၂၀၀/-)ကျပ် ဖြစ်ပြီး Online ခမှာ (၅ဝဝ/-)ကျပ်ဖြစ်ပါသည်။ 
                               
  
                
                
                
                    
 နိုင်ငံခြားငွေ ဝယ်ယူ/ရောင်းချခြင်း
နေပြည်တော်စည်ပင်ဘဏ်လီမိတက်မှ အောက်ပါနိုင်ငံခြားငွေကြေးများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ငွေလဲနှုန်းအတိုင်း 
 ဝယ်ယူခြင်း/ရောင်းချခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါသည်-
- အမေရိကန်ဒေါ်လာ ( USD )
 
- ယူရို ( EURO )
 
- စင်္ကာပူဒေါ်လာ ( SGD )
 
-  မလေးရှားရင်းဂစ် ( MYR )
 
- ထိုင်းဘတ် ( THB )
 
* နေပြည်တော်စည်ပင်ဘဏ်မှ ဖွင့်လှစ်ထားသော နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာ (Money Changer) တိုင်းတွင် နိုင်ငံသားမှတ်ပုံတင် (သို့) နိုင်ငံကူး
လက်မှတ် တို့ဖြင့် လွတ်လပ်စွာဝယ်ယူရောင်းချနိုင်ပါသည်။                                 
                
                
                
                    
ဘဏ်ငွေပေးအမိန့်လွှာရောင်းချခြင်း	( Payment Order ) 
အစိုးရဌာနများသို့ ငွေပေးသွင်းရမည့် ကိစ္စရပ်များအတွက် ငွေကိုလက်ဝယ်မကိုင်ထားဘဲ လိုအပ် သည့်အချိန် တွင် ထုတ်ယူနိုင်သည့် ငွေပေးအမိန့်လွှာရောင်းချခြင်း ဝန်ဆောင်မှုလုပ်ငန်းကို လျှင်မြန်စွာ ဆောင်ရွက် ပေးပါသည်။
ဝန်ဆောင်ခမှာ ငွေကျပ် (၁ဝဝ) လျှင် ၁ဝပြားနှုန်းဖြစ်ပြီး အများဆုံးငွေကျပ် ၃ဝ,ဝဝဝ/- အထိ ကောက်ခံပါသည်။ 
               
                
                
                    
 လုံခြုံမှုသေတ္တာငှားရမ်းခြင်း (Safe Deposit Locker)
Customer များ၏ အရေးကြီးသော စာရွက်စာတမ်းများ၊ ပစ္စည်းများကို ဘဏ်တွင် လုံခြုံမှုသေတ္တာ ငှားရမ်း၍ ဘဏ်၏ငွေတိုက်ခန်းအတွင်း သိမ်းဆည်းနိုင်ပါသည်။ဘဏ်မှ ဝန်ဆောင်ခအဖြစ် တစ်နှစ်လျှင် ကျပ် -၁ဝ,ဝဝဝ/- ကောက်ခံပါသည်။
Bank Guarantee
Performance Guarantee, Tender Guarantee or Bid Bond Guarantee ထုတ်ပေးခြင်းလုပ်ငန်းအား အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည်-
ဘဏ်အာမခံလျှောက်ထားသူသည်
- ငွေသားတင်သွင်းခြင်း၊
 
- စာရင်းရှင်စာရင်း၊ ငွေစုဘဏ်စာရင်း၊ စာရင်းသေအပ်ငွေစာရင်း ဖွင့်လှစ်ခြင်း၊
 
- နေပြည်တော်စည်ပင်ဘဏ်ရှိ အပ်ငွေစာရင်းလက်ကျန် တင်ပြခြင်း၊
 
- မရွှေ့မပြောင်းနိုင်သော ပစ္စည်းတင်သွင်းခြင်း စသည့်နည်းများဖြင့် ဆောင်ရွက်နိုင်ပါသည်။
 
ယင်းအပ်ငွေစာရင်းအပေါ် သက်ဆိုင်ရာအတိုးနှုန်းအလိုက် အတိုးတွက်ချက်ပေးပါသည်။
ဘဏ်အာမခံသက်တမ်းအလိုက် ဝန်ဆောင်ခနှုန်းထားများ
| ၃ လ | 
အထိ | 
၀.၅% | 
| ၆ လ | 
အထိ | 
၁.၀% | 
| ၉ လ | 
အထိ | 
၁.၅% | 
| ၁၂ လ | 
အထိ | 
၂.၀% | 
                
                
                
                    
    *အထွေထွေဝန်ဆောင်မှုများ *  
   ဘဏ်တွင်စာရင်းဖွင့်ထားသော Customer များအတွက်  လစဉ် Bankstatement များကို ဘဏ်မှထုတ်ပေးပါ သည်။(၆)လတစ်ကြိမ်တွင် Balance Confirmation ကိုလည်း မိမိတို့၏လက်ကျန်နှင့် တိုက်ဆိုင်စစ်ဆေးရန်အတွက် ဘဏ်မှထုတ်ပေးပါသည်။ လွန်ခဲ့သော နှစ်များမှ Bankstatement များကိုမူ ဘဏ်ဆောင် ရွက်ခပေး၍ ထုတ်ယူနိုင် ပါသည်။ ငွေသွင်းချလံများ ပျောက်ဆုံးခြင်းကိုလည်း ဘဏ်သို့လာရောက် အကြောင်းကြား ကာ ဘဏ်ဝန်ဆောင်ခ သွင်း၍ ထုတ်ယူနိုင်ပါသည်။   
       
Account များ Link ပေးထားခြင်း
Current A/C ကိုအောက်ဖော်ပြပါ နည်းလမ်း(၃)သွယ်ဖြင့် Saving A/C /Call A/C များနှင့် ချိတ်ဆက်(Link) ပေးထားရန် Instruction ပေးနိုင်ပါသည်။
- Current A/C  >>> Saving A/C
 
- Current A/C  >>> Call A/C
 
- Current A/C >>> Call A/C >>> Saving A/C
 
   
          
 
                
 
                
 ငွေထုတ်ရာတွင် လိုက်နာရမည့်အချက်များ 
   
- မိမိယူဆောင်လာသော ချက်ပေါ်တွင် အမှားအယွင်းပါရှိပါက မှားသည့်နေရာနားတွင်စာရင်းပိုင်ရှင်ကိုယ်တိုင်လက်မှတ်အရှည်ရေးထိုးပေးရမည်။
   
- စာရင်းပိုင်ရှင်လက်မှတ်မှာ အရှေ့တွင်(၁)ချက်၊အနောက်တွင်(၁)ချက် ပါရှိရမည်။
 
- နိုင်ငံသားစိစစ်ရေးကဒ်ယူဆောင်လာရမည်။
 
- ချက်ပေါ်တွင်ရေးထားသောနေ့စွဲမှာ ရှေ့ရက်ကြိုတင်၍ မရေးရပါ။
 
- ချက်ပေါ်တွင်ရေးထားသော ငွေသားကို စာသားနှင့်ဂဏာန်းသေချာစွာရေးသားရပါမည်။ မကိုက်ညီပါက ရေးထားသော စာသားကိုသာ အတည်အဖြစ်သတ်မှတ်ပါသည်။
 
- 	ကိုယ်စားလှယ်ဖြင့် ထုတ်ယူမည်ဆိုပါက စာရင်းပိုင်ရှင်မှ ၎င်းကိုယ်စားလှယ်၏လက်မှတ်မှန်ကန်ကြောင်းထောက်ခံချက်ကို  ချက်လက်မှတ်နောက်ကျောဘက်တွင် လက်မှတ်ရေးထိုးပေးရမည်။
 
- 	အနည်းဆုံးထားရှိရမည့် ငွေလက်ကျန်မှာ (-၁ဝ,ဝဝဝ/-) ဖြစ်ရမည်။