nptdc title

Language »  English | Myanmar

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန

  • ခေါင်းလောင်းတီးစနစ်
  • နေပြည်တော်နယ်နိမိတ်အတွင်းရှိမြို့နယ်အားလုံးတွင် ရပ်ကွက်အလိုက် နေ့စဉ်သတ်မှတ်အချိန်များတွင် အလုံပိတ်အမှိုက်သိမ်းယာဉ်များဖြင့် ခေါင်းလောင်းတီးအမှိုက်သိမ်း စနစ်ကို ဆောင်ရွက်လျက်ရှိပါသည်။ နေပြည်တော် နယ်နိမိတ်အတွင်းရှိ လမ်းမကြီးများအစဉ် သန့်ရှင်းနေစေရန်အတွက် Road Sweeper ယာဉ်များ အသုံးပြု၍ ဆောင်ရွက်လျက်ရှိပါသည်။
  • အမှိုက်ပုံးစနစ်
  • မြို့နယ်များရှိလူစည်ကားရာနေရာများ၊ ကျောင်းများ၊ ကားမှတ်တိုင်များ၊ ရုပ်ရှင်ရုံ၊ Supermarket စသည့်နေရာများတွင် အမှိုက်စွန့်ပစ်ရန် အမှိုက်ပုံးများ ထားရှိပေးထားပါသည်။
  • ဈေးမှထွက်ရှိသည့်အမှိုက်များ
  • ဈေးမှထွက်ရှိသည့်အမှိုက်များအား သိမ်းဆည်းရာတွင် Mobile အမှိုက်ကန်များထားရှိ၍ နေ့စဉ်စွန့်ပစ်စေပြီး ၎င်းအမှိုက်များမှ ပုတ်သိုးဆွေးမြေ့လွယ်သည့် အမှိုက်များ၊ အစားအသောက်အကြွင်းအကျန်များ၊ သီးပင်စားပင်အပိုင်းအစများကို သဘာဝ မြေဆွေးအဖြစ် ပြန်လည်အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါသည်။

  • စွန့်ပစ်အမှိုက်များအားဆွေးမြေ့လွယ်သောစွန့်ပစ်ပစ္စည်းများဖြစ်သောမီးဖိုချောင်ထွက်အမှိုက်များ၊ စားကြွင်းစားကျန်များ၊ ဘုရားပန်းများ၊ သတင်းစာ/ဂျာနယ်/စက္ကူအမျိုးမျိုး၊ အ၀တ်အစားအဟောင်းများ၊ အလှစိုက်ခင်းမှထွက်သည့် သစ်ရွက်သစ်ခက်များ၊ အစရှိသည့်အမှိုက်များအား နေ့စဉ်သိမ်းဆည်းပေးပါသည်။
  • ကြေပျက်ရန်မလွယ်ကူသော စွန့်ပစ်ပစ္စည်းများဖြစ်သော ပလပ်စတစ်၊ ကြွပ်ကြွပ်အိတ်များ၊ ဖန်ထည်/ ကြွေထည်များ၊ လျှပ်စစ်ပစ္စည်းများ၊ ဖော့ဗူး၊ ဝါယာကြိုးနှင့်သတ္ထုအပိုင်းအစများ၊ ကျွတ်/တာယာအမျိုးမျိုး သံ/ဒန် အစရှိသည့် အမှိုက်များအား အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် သိမ်းဆည်းပေးပါသည်။
  • ဆေးရုံဆေးခန်းအမှိုက်များ
  • ဆေးရုံဆေးခန်းအမှိုက်များအား သီးသန့်အမှိုက်သိမ်းယာဉ်များဖြင့် သိမ်းဆည်းပေးလျက်ရှိရာ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်တွင် (တနင်္ဂနွေ၊ ဗုဒ္ဓဟူး)နှင့် ပျဉ်းမနား မြို့နယ်တွင် (စနေ၊ အင်္ဂါ)နေ့များတွင် သိမ်းဆည်းပေးခြင်းဖြစ်ပြီး (စနေ၊ တနင်္ဂနွေ)နေ့များတွင် အထွေထွေစွန့်ပစ်ပစ္စည်းများနှင့် (အင်္ဂါ ၊ ဗုဒ္ဓဟူး)နေ့များတွင် ဘေးအန္တရာယ်ဖြစ်စေနိုင်သော စွန့်ပစ် ပစ္စည်းများဟူ၍ ခွဲခြားသိမ်းဆည်းပေးလျက်ရှိပါသည်။ အထွေထွေစွန့်ပစ်ပစ္စည်းများအား အမှိုက်ပုံတွင် စွန့်ပစ်စေ၍ ဘေးအန္တရာယ်ဖြစ်စေနိုင်သော စွန့်ပစ်ပစ္စည်းများကို သုသာန်ရှိ မီးသင်္ဂြိုဟ်စက်တွင် မီးရှို့ဖျက်ဆီးစေပြီး မလောင်ကျွမ်းနိုင်သော ဘေးထွက်စွန့်ပစ်ပစ္စည်းများအား မြေကျင်းတူး၍ မြေမြှုပ်စွန့်ပစ်ပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် ကောက်ခံသည့်သန့်ရှင်းရေးဆောင်ရွက်ခ အခွန်နှုန်းထားများအနေဖြင့် မြို့နယ်များအလိုက် သတ်မှတ်ထားသောပေါင်းစည်းခွန်စည်းကြပ်သည့်အိမ်များမှ တစ်နှစ်စံငှားရမ်းခနှုန်းထားပေါ်တွင် သတ်မှတ်ရာခိုင်နှုန်းအတိုင်း တစ်နှစ်တစ်ကြိမ်ကောက်ခံခြင်းဖြစ်ပါသည်။ သတ်မှတ်နှုန်းထားများမှာ-

(က) ဇမ္ဗူသီရိမြို့နယ် တစ်နှစ်စံငှားရမ်းခနှုန်း၏ ၂ %
(ခ ) ပုဗ္ဗသီရိမြို့နယ် တစ်နှစ်စံငှားရမ်းခနှုန်း၏ ၃ %
(ဂ ) ဥတ္ထရသီရိမြို့နယ် တစ်နှစ်စံငှားရမ်းခနှုန်း၏ ၂ %
(ဃ) ဒက္ခိဏသီရိမြို့နယ် တစ်နှစ်စံငှားရမ်းခနှုန်း၏ ၂ %
(င ) ပျဉ်းမနားမြို့နယ် တစ်နှစ်စံငှားရမ်းခနှုန်း၏ ၃ %
(စ ) လယ်ဝေးမြို့နယ် တစ်နှစ်စံငှားရမ်းခနှုန်း၏ ၄ %
(ဆ) တပ်ကုန်းမြို့နယ် တစ်နှစ်စံငှားရမ်းခနှုန်း၏ ၃ %

စီးပွားရေးအမှိုက်သိမ်းဆည်းကောက်ခံခြင်းများ

နေပြည်တော်စည်ပင်သာယာရေး ကော်မတီနယ်နမိတ် အတွင်းရှိ စားသောက်ဆိုင်များ၊ အထွေထွေလုပ်ငန်းများနှင့် ဆေးရုံ/ဆေးခန်းများ၏ အမှိုက်သိမ်းဆည်းခကို လုပ်ငန်းအမျိုးအစား/အရွယ်အစားပေါ်မူတည်၍ နှုန်းထားများကိုအောက်ပါအတိုင်း သတ်မှတ် ကောက်ခံလျက်ရှိပါသည်-

  • စားသောက်ဆိုင်များ၊ အထွေထွေလုပ်ငန်းများ
  • အနည်းဆုံး ကျပ်(၄၀၀ဝိ/-)မှ အများဆုံး ကျပ်(၁၀၀၀၀ဝိ/-)ထိ
  • ဆေးရုံ/ဆေးခန်း
  • အနည်းဆုံး ကျပ်(၁၀၀၀ဝိ/-)မှ အများဆုံး ကျပ်(၃၅၀၀ဝိ/-)ထိ

သီးခြားအမှိုက်သိမ်းဆည်းခ(On Call)မီးဖိုချောင်ထွက်အမှိုက်နှင့် သာမာန်စီပွားရေးလုပ်ငန်းမှ အမှိုက်များမှအပ တည်ဆောက်ရေးလုပ်ငန်းထွက် အမှိုက်များ၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်များ၊ ခြံထွက်အမှိုက်များနှင့် သန့်ရှင်းရေးဆောင်ရွက်ခ ကောက်ခံခြင်းမရှိသောနေရာများမှထွက်သော အမှိုက်များကို သိမ်းဆည်း လိုပါက ဌာနမှသတ်မှတ်ထားသော အောက်ပါယာဉ်ငှားရမ်းခနှုန်းထားများ ပေးသွင်း၍ငှားရမ်းစွန့်ပစ်နိုင်ပါသည်-

  • ဌာနဆိုင်ရာအဖွဲ့အစည်းများ
  • (၃)တန်ယာဉ်တစ်ခေါက်လျှင် ကျပ်(၁၅၀၀ဝိ/-)နှုန်း (စက်သုံးဆီနှင့် လုပ်သားမပါ)
  • ပုဂ္ဂလိက
  • (၃)တန်ယာဉ်တစ်ခေါက်လျှင် ကျပ်(၂၅၀၀ဝိ/-)နှုန်း (စက်သုံးဆီနှင့် လုပ်သားမပါ)
  • သတ်မှတ်ထားသည့်နေရာနှင့်သတ်မှတ်ထားသည့်စနစ်အတိုင်းသာ အမှိုက်စွန့်ပစ်ရမည်။ (အမှိုက်ပုံး၊ ခေါင်းလောင်းတီးစနစ်စသည်ဖြင့်)
  • ခြံထွက်အမှိုက်၊ စက်ရုံအလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်၊ ဆေးရုံစွန့်ပစ်ပစ္စည်းများကို သာမန်မီးဖိုချောင်ထွက်အမှိုက်များစွန့်ပစ်ရန် သတ်မှတ်ထားသောနေရာများတွင် စွန့်ပစ်ခွင့်မရှိဘဲ ကော်မတီမှသီးသန့်သတ်မှတ်ပေးထားသည့်နေရာသို့သာ စွန့်ပစ်ရမည်။
  • မည်သူမျှရေမြောင်းအတွင်းသို့ဖြစ်စေ၊ အများပြည်သူနှင့်သက်ဆိုင်သော လမ်းပေါ်သို့ဖြစ်စေ၊ နောက်ဖေး လမ်းကြားသို့ဖြစ်စေ အမှိုက်(သို့မဟုတ်)စက်ဆုပ်ဖွယ်ရာ အရာများကို လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း (သို့မဟုတ်)စွန့်ပစ်ခြင်းမပြုရ။
  • ကော်မတီမှစီမံထားသော အမှိုက်ပုံး၊ အမှိုက်စွန့်ပစ်ရန်သတ်မှတ်ထားသော နေရာတွင် အမှိုက်သိမ်းယာဉ်များမှ အပ အခြားမည်သည့်နေရာတွင်မှ အမှိုက်စွန့်ပစ်ခြင်းမပြုရ။
  • မည်သူမျှအမှိုက်ပုံး၊ အမှိုက်ပုံရန်သတ်မှတ်ထားသောနေရာတွင် ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ တူးခြင်း၊ ဆွခြင်း(ဝါ)ပြန့်ကျဲစေခြင်းမပြုရ။
  • မည်သူမျှအမှိုက်ပုံနေရာတွင် စုပုံထားပြီးသောအမှိုက်ကို မြေဆွေးအဖြစ်ပြောင်းလဲအသုံးပြုရန်ဖြစ်စေ၊ အခြားနည်းအသုံးပြုရန်ဖြစ်စေ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခြင်းမပြုရ။
  • နေပြည်တော်နယ်နိမိတ်အတွင်း တစ်နေ့လျှင် အမှိုက်ထွက်ရှိနှုန်းမှာ တန်ချိန်(၁၆၀)ခန့်ဖြစ်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းမှ ထွက်ရှိသောအမှိုက်များကို ခေါင်းလောင်းတီးစနစ်၊ အရေးပေါ်အမှိုက်သိမ်းစနစ်၊ လှဲသိမ်းစနစ်၊ ပတ်သိမ်းစနစ်၊ သီးခြားအမှိုက်သိမ်းစနစ်ဖြင့် စွန့်ပစ်ရပြီး အဆိုပါအမှိုက်များကို ယာဉ်ဖြင့်သိမ်းဆည်း၍ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ သယ်ယူပို့ဆောင်ပါသည်။

နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ နေရာများ

အမှိုက်ပုံနေရာ(၁)။ ပုဗ္ဗသီရိမြို့နယ်
အမှိုက်ပုံနေရာ(၂)။ ဘူးကွဲရွာဟောင်းအနီး၊ ဇမ္ဗူသီရိမြို့နယ်
အမှိုက်ပုံနေရာ(၃)။ သီရိမဏ္ဍိုင်လမ်း(ဘယ်ခြမ်း)၊ ပုဗ္ဗသီရိမြို့နယ်
အမှိုက်ပုံနေရာ(၄)။ လှေခွင်းတောင်အနီး၊ ပျဉ်းမနားမြို့နယ်
အမှိုက်ပုံနေရာ(၅)။ စမ်းကလေးသုသာန်ဟောင်း၊ လယ်ဝေးမြို့နယ်
အမှိုက်ပုံနေရာ(၆)။ တပ်ကုန်းသုသာန်ဟောင်း၊ တပ်ကုန်းမြို့နယ်
နာရေးကိစ္စများအခမဲ့ ဆောင်ရွက်ပေးမှု

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံလာသည့် နာရေးကိစ္စရပ်များအားမီးသင်္ဂြိုဟ်ခ၊ အထူးသန့်ရှင်းရေးယာဉ်ငှားရမ်းခ၊ သုသာန်တွင်းပို့ဆောင်ခ၊ ခန်းမငှားရမ်းခနှင့် ကုလားထိုင်ငှားရမ်းခစသည့် ၀န်ဆောင်ခများအား၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှစတင်၍အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါသည်။

(က) ကွေ့ကြီးသုသာန်၊ ဖုန်း-09 420718353 ၊ 09 782733207
ဇမ္ဗူသီရိမြို့နယ်
ဥတ္တရသီရိမြို့နယ်
ပုဗ္ဗသီရိမြို့နယ်
ဇေယျာသီရိမြို့နယ်
ပျဉ်းမနားမြို့နယ်
(ခ ) စမ်းကလေးသုသာန်၊ ဖုန်း-09 250293992 ၊ 09 782733208
ဒက္ခိဏသီရိမြို့နယ်
လယ်ဝေးမြို့နယ်
(ဂ) မြို့မသုသာန်၊ ဖုန်း-09 403720993 ၊ 09 782733209
တပ်ကုန်းမြို့နယ်
  • နာရေးဖြစ်ပေါ်သည့်အခါ မြေမြှုပ်ခြင်းနှင့် မီးသင်္ဂြိုဟ်ခြင်းအား နံနက်(၆)နာရီမှ ညနေ(၆)နာရီထိ ၀န်ဆောင်မှု ပေးပါသည်။
  • ကာယကံရှင်မှသုသာန်များသို့ တယ်လီဖုန်းဖြင့်လည်းကောင်း၊ လူကိုယ်တိုင်လည်းကောင်း ဆက်သွယ်နိုင်ပါသည်။
  • ကွေ့ကြီးသုသာန် - 09 420718353
    - 09 782733207
    စမ်းကလေးသုသာန် - 09 250293992
    - 09 782733208
    မြို့မသုသာန် - 09 403720993
    - 09 782733209
  • ကာယကံရှင်၏ ဆန္ဒအရ အအေးခန်း၌ထားလိုပါကဇမ္ဗူသီရိမြို့နယ်၊ ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ဝန်ဆောင်မှုအခမဲ့သယ်ယူပို့ဆောင်ပေးပါသည်။
  • တိုက်ရိုက်သင်္ဂြိုဟ်မှုပြီးဆုံးသည်အထိတာဝန်ယူဆောင်ရွက်ပေးပါသည်။
  • သင်္ချိုင်းလက်မှတ်မပါလျှင် (လုံးဝ) သယ်ဆောင်ခြင်းမပြုပါ။

အရိုးကောက်ခြင်းအတွက် ပြင်ပသို့သယ်ယူမည်ဆိုပါက အောက်ဖော်ပြပါစာရွက်စာတမ်းများ လိုအပ်ပါသည်-

(က) လျှောက်လွှာ
(ခ ) လျှောက်ထားသူ၏ ခံဝန်ချက်
(ဂ ) သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်
(ဃ) သင်္ဂြိုဟ်ခွင့်လက်မှတ်
(င ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ
ရဲမှုခင်းနှင့်ပတ်သတ်သောအလောင်းများကို သက်ဆိုင်ရာရဲစခန်းများနှင့် ဆက်သွယ်ဆောင်ရွက်ပြီး အထောက်အထားဆိုင်ရာကင်းရှင်းပြီး ဆေးရုံမှသင်္ဂြိုဟ်နိုင်ရန် ထောက်ခံချက်ထုတ်ပြီးမှသာ သင်္ဂြိုဟ်ခြင်း ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ပေးပါသည်။

‌ကွေ့ကြီးသုသာန်၊စမ်းက‌လေး သုသာန်(လယ်‌ဝေးမြို့)နှင့်တပ်ကုန်းသုသာန်မှ‌ကောက်ခံသည့်အခွန်နှုန်းထားများ

စဉ် အကြောင်းအရာ နှုန်းထား မီးသင်္ဂြိုဟ် ‌မြေမြှုပ် ဂူသွင်း အရိုးဂူ မှတ်ချက်
မီးသင်္ဂြိုဟ်ခ (အရိုး‌ကောက်)၆,ဝဝဝိ/----၆,ဝဝဝိ/-
မီးသင်္ဂြိုဟ်ခ (လူကြီး)၂ဝ,ဝဝဝိ/-၂ဝ,ဝဝဝိ/---၂ ဝ,ဝဝဝိ/-
မီးသင်္ဂြိုဟ်ခ (က‌လေး)၂၀,ဝဝဝိ/-----
‌မြေပိုင် (၄‌ပေ*၈‌ပေ)၁၆ဝ,ဝဝဝိ/--၁၆ဝ,ဝဝဝိ/-၁၆ဝ,ဝဝဝိ/--
အရိုးဂူ ‌မြေပိုင် (၂‌ပေ * ၂‌ပေ)၂ဝ,ဝဝဝိ/----၂ဝ,ဝဝဝိ/-
‌မြေတူးငှားခ (လူကြီး)၁၀,၀ဝဝိ/--၁၀,၀ဝဝိ/---
‌မြေတူးငှားခ (က‌လေး)၁၀,ဝဝဝိ/-----
ခန်းမငှားခ၈,ဝဝဝိ/-၈,ဝဝဝိ/-၈,ဝဝဝိ/-၈,ဝဝဝိ/-၈,ဝဝဝိ/-
ကုလားထိုင်ငှားခ (၁)လုံး၃ဝိ/-----
၁၀သယ်ယူခ (အထူးသန့်ရှင်း‌ရေးယာဉ်ငှားရမ်းခ)၁၅,ဝဝဝိ/-၁၅,ဝဝဝိ/-၁၅,ဝဝဝိ/-၁၅,ဝဝဝိ/-၁၅,ဝဝဝိ/-
၁၁အ‌အေးခန်းထိန်းသိမ်းခ (၁)ရက်၁,၅ဝဝိ/-၁,၅ဝဝိ/-၁,၅ဝဝိ/-၁,၅ဝဝိ/-၁,၅ဝဝိ/-
၁၂ပို့‌ဆောင်ခ (သုသာန်တွင်း)၁,ဝဝဝိ/-၁,ဝဝဝိ/-၁,ဝဝဝိ/-၁,ဝဝဝိ/-၁,ဝဝဝိ/-
၁၃ဗွီဒီယိုရိုက်ခ(ရုပ်ရှင်)၁၀၀,ဝဝဝိ/-----
၁၄စွန့်ပစ်ပစ္စည်းများမီးရှို့ဖျက်ဆီးခ(၁)နာရီ၁၀,ဝဝဝိ/-----
၁နာရီကျော်လျှင်၁၅မိနစ်တိုင်းအတွက် ကျပ်၂,၅၀၀နှုန်း
၁၅အမှိုက်ကွင်းတွင်အမှိုက်ကန်ပြုလုပ်ရန် မြေငှားရမ်းခ(၁စတုရန်းပေ)၅,ဝဝဝိ/-----

‌နေပြည်တော်နယ်မြေအတွင်းတစ်လသေဆုံးဦးရေနှင့် နာရေးကိစ္စများအခမဲ့ ဆောင်ရွက်ပေးမှု

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှနေပြည်တော် နယ်မြေအတွင်းရှိသုသာန်များဖြစ်သည့် ကွေ့ကြီး၊စမ်းကလေးနှင့် မြို့မသုသာန်များတွင် တစ်လသေဆုံးသူဦးရေ စုစုပေါင်းမှာပျမ်းမျှ(၁၅၀)ဦးခန့်ရှိပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသို့ ဆက်သွယ်အကူအညီ တောင်းခံလာသည့် နာရေးကိစ္စရပ်များအား သက်ဆိုင်ရာ မီးသင်္ဂြိုဟ်ခ၊ အထူးသန့်ရှင်းရေးယာဉ် ငှားရမ်းခ၊ သုသာန်တွင်းပို့ဆောင်ခ၊ ခန်းမငှားရမ်းခနှင့် ကုလားထိုင်ငှားရမ်းခစသည့် ၀န်ဆောင်ခများအား၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှစတင်၍ အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါသည်။

‌ ၂ဝ၂၁ ခုနှစ် ဇွန်လအတွင်း ကွေ့ကြီး၊ စမ်းက‌လေးနှင့် မြို့မသုသာန်များတွင် ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ မြို့နယ်အလိုက် ‌
သင်္ဂြိုဟ်ပေးသည့်ဦး‌ရေစာရင်း

စဉ် သုသာန်အမည် မြို့နယ်များ ‌သေဆုံးသူဦး‌ရေ ‌ပေါင်း မှတ်ချက်
လူကြီး
က‌လေး
ကွေ့ကြီးသုသာန် ဇမ္ဗူသီရိမြို့နယ် ၄၂ ၄၃
ဥတ္တရသီရိမြို့နယ် ၁၅ ၁၉
ပုဗ္ဗသီရိမြို့နယ် ၃၁ ၃၂
ဇေယျာသီရိမြို့နယ် -
ပျဉ်းမနားမြို့နယ် ၃၈ ၄၅
ပေါင်း ၁၂၄ ၂၄ ၁၄၈
စမ်းက‌လေးသုသာန် ဒက္ခိဏသီရိမြို့နယ် -
လယ်‌ဝေးမြို့နယ် ၃၀ ၃၁
ပေါင်း ၃၆ ၃၇
မြို့မသုသာန် တပ်ကုန်းမြို့နယ် ၂၁ - ၂၁
ပေါင်း ၂၁ - ၂၁
စုစု‌ပေါင်း ၁၈၁ ၂၅ ၂၀၆

ဇမ္ဗူသီရိမြို့နယ်အတွင်း ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ (၇/၂၀၂၁)လ အမှိုက်သိမ်းဆည်းမည့် အစီအစဉ်