ဆောင်ရွက်သည့်ဌာန |
- |
နေပြည်တော်စည်ပင် |
ကြာမြင့်ချိန် |
- |
(၁)ပါတ် |
ကုန်ကျစရိတ် |
- |
မြေကွက်တည်နေရာပေါ် မူတည်၍ (၀.၂၅)ဧကလျှင် ၃၀,၀၀၀ ကျပ်၊ ၂၄,၀၀၀ ကျပ်၊ ၂၁,၀၀၀ ကျပ် ကျသင့်ပါမည်။ |
လုပ်ငန်းစဉ်ဆောင်ရွက်ပုံအဆင့်ဆင့် |
- |
(က) |
|
အမည်ပေါက်သူမှ မြေပုံ/မြေရာဇဝင်ရေးကူးခွင့် လျှောက်ထားခြင်း |
|
(၁) |
သတ်မှတ်လျှောက်လွှာပုံစံအား အခမဲ့ရယူပြီး လျှောက်ထားရသည့် အကြောင်းကိုဖော်ပြ၍ ပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်းများ အား ပူးတွဲတင်ပြ၍ လျှောက်ထားရပါမည်။ |
|
(၂) |
ဌာနမှ မှတ်ပုံတင်စာရင်းရေးသွင်းပြီး ဦးပိုင် မှတ်ပုံတင်စာရင်း(၁-က)နှင့်တိုက်ဆိုင်စိစစ်၍ မှန်ကန်မှုရှိပါက သတ်မှတ်နှုန်းထားအတိုင်း နေပြည်တော်စည်ပင်ဘဏ်ရှိ ဌာနပိုင်ငွေစာရင်း သို့ သွားရောက်ပေးသွင်းရန် ငွေသွင်းချလံထုတ်ပေးပါမည်။ |
|
(၃) |
ငွေသွင်းချလံ ( မူရင်း )ကို ဌာနသို့ ပြန်လည်အပ်နှံလာပါက သက်သေခံမြေပုံ / မြေရာဇဝင်အား ရေးကူးထုတ်ပေးလျက်ရှိပါသည်။ |
|
ကြာမြင့်ချိန် |
- |
(၂၄) ရက် |
ကုန်ကျစရိတ် |
- |
သတင်းစာကြော်ငြာခနှင့် မြေကွက်တည်နေရာပေါ်မူတည်၍ (၀.၂၅)ဧကလျှင် ၃၀,၀၀၀ ကျပ်၊ ၂၄,၀၀၀ ကျပ်၊ ၂၁,၀၀၀ ကျပ် ကျသင့်ပါမည်။ |
လုပ်ငန်းစဉ်ဆောင်ရွက်ပုံအဆင့်ဆင့် |
- |
(ခ) |
|
မှတ်ပုံတင်စာချုပ်အဆက်ဆက် တင်ပြ၍ မြေပုံ/မြေရာဇဝင် ရေးကူးခွင့် လျှောက်ထားခြင်း |
|
(၁) |
သတ်မှတ်လျှောက်လွှာပုံစံအား အခမဲ့ရယူပြီး လျှောက်ထားရသည့် အကြောင်းကိုဖော်ပြ၍ ပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်းများ၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် အဆက်ဆက် မူရင်းများပူးတွဲတင်ပြ၍ လျှောက်ထားရပါမည်။ |
|
(၂) |
ဌာနမှ မှတ်ပုံတင်စာရင်းရေးသွင်းပြီး ဦးပိုင်မှတ်ပုံတင်စာရင်း(၁-က)နှင့်တိုက်ဆိုင်စိစစ်၍ မှန်ကန်မှုရှိပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အရှုပ်အရှင်း အငြင်းပွားခြင်းရှိ/မရှိစိစစ်နိုင်ရန် လျှောက်ထားသူမှ အကုန်ကျခံယူစေပြီး နိုင်ငံပိုင်နေ့စဉ်ထုတ်သတင်းစာ(ကြေးမုံ/မြန်မာ့အလင်း)များတွင် ကန့်ကွက်နိုင်ကြောင်း ကြော်ငြာထည့်သွင်းစေပါမည်။ |
|
(၃) |
သတင်းစာတွင်ကြော်ငြာပါရှိသည့်နေ့မှစ၍ ရက်သတ္တ(၂)ပတ်အတွင်း ကန့်ကွက်မှုတစ်စုံ တစ်ရာမရှိပါက မြေပြင်ကွင်းဆင်းတိုင်းတာ စိစစ်မှုပြုလုပ်ပြီးနောက် သတ်မှတ်နှုန်းထား အတိုင်း နေပြည်တော်စည်ပင်ဘဏ်ရှိ ဌာနပိုင်ငွေစာရင်းသို့ သွားရောက်ပေးသွင်းရန် ငွေသွင်းချလံထုတ်ပေးပါမည်။{ပိုင်ဆိုင်မှုနှင့်ပတ်သက်၍အငြင်းပွားမှု/ကန့်ကွက်မှု တစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာတရားရုံးအဆင့်ဆင့်၏ အပြီးသတ် အမိန့်ဒီကရီရရှိပြီးမှသာ ဆက်လက်ဆောင်ရွက်ပါမည်။} |
|
(၄) |
ငွေသွင်းချလံ ( မူရင်း )ကို ဌာနသို့ ပြန်လည်အပ်နှံလာပါက သက်သေခံမြေပုံ / မြေရာဇဝင်အား ရေးကူးထုတ်ပေးလျက်ရှိပါသည်။ |
|
ကြာမြင့်ချိန် |
- |
(၂၄)ရက် |
ကုန်ကျစရိတ် |
- |
သတင်းစာကြော်ငြာခနှင့် မြေကွက်တည်နေရာပေါ်မူတည်၍ (၀.၂၅)ဧကလျှင် ၃၀,၀၀၀ ကျပ်၊ ၂၄,၀၀၀ ကျပ်၊ ၂၁,၀၀၀ ကျပ် ကျသင့်ပါမည်။ |
လုပ်ငန်းစဉ်ဆောင်ရွက်ပုံအဆင့်ဆင့် |
- |
(ဂ) |
|
အမွေဆက်ခံပိုင်ဆိုင်ကြောင်းနှင့်ပတ်သက်၍မြေပုံ/ မြေရာဇဝင်ရေးကူးခွင့်လျှောက်ထားခြင်း |
|
(၁) |
သတ်မှတ်လျှောက်လွှာပုံစံအား အခမဲ့ရယူပြီး လျှောက်ထားရသည့် အကြောင်းကိုဖော်ပြ၍ ပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်းများ၊ အမည်ပေါက်နှင့်တော်စပ်ပုံ ဖော်ပြ၍ အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံးကျမ်းကျိန်မှတ်ပုံတင် စာချုပ်များပူးတွဲတင်ပြ၍ လျှောက်ထားရပါမည်။ |
|
(၂) |
ဌာနမှ မှတ်ပုံတင်စာရင်းရေးသွင်းပြီး ဦးပိုင်မှတ်ပုံတင်စာရင်း(၁-က)နှင့်တိုက်ဆိုင်စိစစ်၍ မှန်ကန်မှုရှိပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အရှုပ်အရှင်း အငြင်းပွားခြင်းရှိ/မရှိစိစစ်နိုင်ရန် လျှောက်ထားသူမှ အကုန်ကျခံယူစေပြီး နိုင်ငံပိုင်နေ့စဉ်ထုတ်သတင်းစာ(ကြေးမုံ/မြန်မာ့အလင်း) များတွင် ကန့်ကွက်နိုင်ကြောင်း ကြော်ငြာထည့်သွင်းစေပါမည်။ |
|
(၃) |
သတင်းစာတွင်ကြော်ငြာပါရှိသည့်နေ့မှစ၍ ရက်သတ္တ(၂)ပတ်အတွင်း ကန့်ကွက်မှုတစ်စုံတစ်ရာမရှိပါက မြေပြင်ကွင်းဆင်းတိုင်းတာ စိစစ်မှုပြုလုပ်ပြီးနောက် သတ်မှတ်နှုန်းထားအတိုင်း နေပြည်တော်စည်ပင်ဘဏ်ရှိ ဌာနပိုင်ငွေစာရင်းသို့ သွားရောက်ပေးသွင်းရန် ငွေသွင်းချလံထုတ်ပေးပါမည်။{ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားမှု/ကန့်ကွက်မှု တစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာတရားရုံးအဆင့်ဆင့်၏ အပြီးသတ်အမိန့်ဒီကရီရရှိပြီးမှသာ ဆက်လက်ဆောင်ရွက်ပါမည်။} |
|
(၄) |
ငွေသွင်းချလံ ( မူရင်း )ကို ဌာနသို့ ပြန်လည်အပ်နှံလာပါက သက်သေခံမြေပုံ / မြေရာဇဝင်အား ရေးကူးထုတ်ပေးလျက်ရှိပါသည်။ |
|