nptdc title

Language »  English | Myanmar

အခွန်ဌာန

ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း အောက်ပါဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက် ရှိပါသည်-

(က) သန့်ရှင်းရေးအနေဖြင့် စခန်းအတွင်း နေ့စဉ်တစ်နေ့(၃)ကြိမ် ခေါင်းလောင်းတီးအမှိုက်ကားဖြင့် လှည့်လည်သိမ်းဆည်းခြင်း၊ လူစည်ကားရာနေရာများတွင်တစ်ခုကျတစ်ခုကောက်စနစ်ဖြင့် အမှိုက်လှည်းခြင်း၊သိမ်းဆည်းခြင်းဆောင်ရွက်ပေးလျက်ရှိပါသည်၊
(ခ ) စခန်းအတွင်းရှိ ဆိုင်ခန်းများအား ရေသုံးစွဲမှုအဆင်ပြေစေရန် တစ်နေ့လျှင်(၃)ကြိမ် ရေပေးဝေလျက် ရှိပါသည်၊
(ဂ ) လျှပ်စစ်မီးအနေဖြင့် (315 KVA) ထရန်စဖော်မာ(၃)လုံးနှင့် (500 KVA) ထရန်စဖော်မာ(၁)လုံးတို့ ထားရှိပြီး လမ်းမီးတိုင်(၁၅၂)တိုင် စီစဉ်ထားရှိပါသည်၊ ဆိုင်ခန်းတိုင်းအိမ်သုံးမီတာများ ရရှိရေးနှင့် လိုအပ်ပါက ပါဝါမီတာရရှိရေးတို့အား သက်ဆိုင်ရာနှင့်ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါသည်၊
(ဃ) မီးဘေးလုံခြုံရေးအနေဖြင့် ဆိုင်ခန်းတိုင်းမီးသတ်ဆေးဘူးထားရှိစေပြီး စီမံချက်ရေးဆွဲ၍ စနစ်တကျ လေ့ကျင့်ခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်၊
(င ) လုံခြုံရေးအနေဖြင့်စခန်းအတွင်းဝင်ပေါက်(၅)ခုတို့တွင် ကင်းရုံနှင့်လုံခြုံရေးအဆောက်အဦအသီးသီးထားရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်၊
(စ ) စခန်းအတွင်း အများသုံးသန့်စင်ခန်းနှင့်ရေချိုးခန်းများ စီစဉ်ထားရှိပြီး ခရီးသည်များနားနေရန် (၁၄၅၂) စတုရန်းပေကျယ်ဝန်းသော နားနေဆောင်(၄)ဆောင်တို့အား တည်ဆောက်ထားရှိပါသည်၊
(ဆ)

ပွဲရုံဆိုင်ခန်းများ။

အနယ်နယ်အရပ်ရပ်မှရောက်ရှိလာသော အိမ်ဆောက်ပစ္စည်းနှင့်ကုန်မာပစ္စည်းများ မော်တော်ယာဉ်၊ စက်ဘီးနှင့်ဆိုင်ကယ်အပိုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊စားဖိုဆောင်သုံးကုန်ခြောက်ပစ္စည်းနှင့်ကုန်မျိုးစုံပေါင်းများစွာတို့အား တစ်စုတစ်စည်းတည်းဖြင့် ပစ္စည်းမှန်၊ စျေးမှန်၊ သိုလှောင်၊ဖြန့်ဖြူး၊ဝယ်ယူ၊ရောင်းချခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်၊
(ဇ )

ကားဂိတ်ခန်းများ။

ကားဂိတ်ပေါင်း(၅၃)ဂိတ်တွင် မြန်မာပြည်အရပ်ရပ်သို့ပြေးဆွဲနေသည့် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းပေါင်း(၆၅)လိုင်း မြို့တွင်းယာဉ်လိုင်း(၂)လိုင်းနှင့် ကုန်စည်ပို့ဆောင်ရေးဂိတ်(၁၂)ဂိတ်တို့မှ မထသ၏ ကြီးကြပ်မှုဖြင့် ခရီးသွားပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေး၊ ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးတို့အတွက် နေ့စဉ်ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်၊
(စျ )

စားသောက်ဆိုင်ခန်းများ။

စခန်းအတွင်း ခရီးသွားပြည်သူများ အဆင်ပြေလွယ်ကူစွာ စားသုံးနိုင်ရန် အတွက် လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊အဖျော်ယမကာဆိုင်များနှင့် နေ့စဉ်ဖွင့်လှစ်ထားရှိပါသည်၊
(ည)

ယာဉ်ပြင်အလုပ်ရုံနှင့်ရေဆေးခုံဆိုင်ခန်းများ။

စခန်းအတွင်းယာဉ်ပြင်အလုပ်ရုံ၊ ရေဆေးခုံနှင့် အလုပ်ရုံတို့မှလည်း မော်တော်ယာဉ်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ယာဉ်ကြံ့ခိုင်ရေးအတွက် ရေဆေးဆီလိုက်လုပ်ငန်းများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်၊
(ဋ )

ဆိုင်ခန်းများ ငွေချေးယူခွင့်လျှောက်ထားခြင်း။

စခန်းအတွင်းရှိဆိုင်ခန်းများ၏အဆောက်အဦကို အာမခံအဖြစ်ထားရှိစေ၍ ဆိုင်ခန်းမူလတန်ဖိုး၏ ၈၀%အား နေပြည်တော်စည်ပင်ဘဏ်မှ(၁)နှစ်လျှင်(၁၃ကျပ်)အတိုးနှုန်းဖြင့် ငွေချေးယူခွင့်ပြုပါသည်။ ထိုသို့ငွေချေးရာတွင် ဆိုင်ခန်းအမည်ပေါက်ပိုင်ဆိုင်သူမှ သတ်မှတ်လျှောက်လွှာပုံစံများဖြင့် အခွန်ဌာနသို့ လျှောက်ထားနိုင်ပါသည်၊
(ဌ )

အခွန်ထမ်းအမည်ပြောင်းလျှောက်ထားခြင်း။

စခန်းအတွင်းရှိဆိုင်ခန်းများ၏ ဆိုင်ခန်းအခွန် ထမ်းဆောင်သူအမည်ပြောင်းလဲခြင်းအား သတ်မှတ်လျှောက်လွှာပုံစံဖြင့် အခွန်ဌာနသို့တင်ပြ၍ ကျသင့်ငွေများပေးသွင်းပြောင်းလဲနိုင်ပါသည်၊
(ဍ )

လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း။

စခန်းအတွင်းရှိဆိုင်ခန်းများ၏ လုပ်ငန်းလုပ်ကိုင်လိုမှုများအား နှစ်စဉ်လုပ်ငန်းလိုင်စင်ခွင့်ပြုချထားပေးလျက်ရှိပါသည်။

၁။ အခွန်ဌာနမှ ဘောဂသီရိအဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံများအား အောက်ပါအတိုင်းတည်ထောင် ဖွင့်လှစ် ထားရှိပါသည်-
(က) စတင်ဖွင့်လှစ်သည့်နေ့။ ၂၁.၂.၂၀၁၂
(ခ ) တည်နေရာ။ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့်ပျဉ်းမနားမြို့ရှောင်လမ်းတို့ဆုံရာဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်း၏အရှေ့ဘက်တွင်တည်ရှိပါသည်၊
(ဂ ) အကျယ်အဝန်း။ (၁၂၈.၃၆)ဧက
(ဃ) အကွက်အရေအတွက်။ (၂၀၀' x ၄၀၀') အကွက်ပေါင်း (၃၉)ကွက်ရှိပါသည်၊
(င ) အဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံမြေကွက်(၁)ကွက်လျှင် Infrastructure ကြေး ကျပ်(၇၅၀)သိန်းနှုန်းပေးသွင်း၍ အဆောက်အဦအား မိမိအစီအစဉ်ဖြင့် ဌာနသို့တင်ပြဆောက်လုပ်ကာ အဆင့်မြင့်စက်ကြီး များ၊အဆင့်မြင့်နည်းပညာများဖြင့် ယာဉ်စက်ယန္တရားများအား ပြုပြင်ခြင်း၊မော်တော်ယာဉ် အရောင်းပြခန်းများ၊မော်တော်ယာဉ်အပိုပစ္စည်းများ၊အကြီးစားလျှပ်စစ်ပစ္စည်းနှင့်စက်ကိရိယာပစ္စည်းများအားပစ္စည်းမှန်၊စျေးမှန်ဖြင့်ဝယ်ယူနိုင်စေရေးအဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံများမှ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။
၂။ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းနှင့် ဘောဂသီရိအဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံများ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဖုန်းနံပါတ်၊ ၀၆၇-၂၆၁၄၉(ကွပ်ကဲရေးရုံး)နှင့် ၀၆၇-၄၁၄၂၉၄(အခွန်ဌာန)တို့သို့ ဆက်သွယ်စုံစမ်း အကူအညီတောင်းခံရယူနိုင်ပါသည်။
၃။ ယာဉ်ရောင်းဝယ်ရေးစခန်း၊ ယာဉ်မောင်းသင်တန်းများဖွင့်လှစ်ခြင်းနှင့် ကော်မတီပိုင်မြစ်ချောင်းများ၏ ကမ်းနား နယ်နိမိတ်တွင် ယာယီစုပုံနေရာသတ်မှတ်ချထားပေးခြင်း၊ ငါးပိငါးခြောက်လုပ်ငန်းများအား ဇုန်သတ်မှတ် ထူထောင်ပေးခြင်း၊ တံတားများအခွန်ကောက်ခံခြင်းစသည့် လုပ်ငန်းတို့အား လိုအပ်ချက်ပေါ်ပေါက်ပါက အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီစဉ်ဆဲဖြစ်ပါသည်။
၄။ ပုဂ္ဂလိကအသေးစားချေးငွေလုပ်ငန်းအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း၌ နှစ်စဉ်လေလံစနစ်ဖြင့် လိုင်စင်ချထားပေးသော အပေါင်ဆိုင်(၃)ခု ရှိပါသည်။ အလားတူ ပုဂ္ဂလိကရွှေထည် အပေါင်ဆိုင်လုပ်ငန်းအနေဖြင့် နှစ်စဉ်လုပ်ငန်းလိုင်စင်စနစ်ဖြင့် လိုင်စင်ချထားပေးသာ ရွှေထည်အပေါင်ဆိုင် လုပ်ငန်း(၇၀)ခုရှိပြီး အဆိုပါအပေါင်ဆိုင်များမှ အတိုးနှုန်း(၃ကျပ်)နှုန်းဖြင့် ပြည်သူများလတ်တလောငွေရေး ကြေးရေးအခက်အခဲရှိပါက အဆင်ပြေစေရေးအတွက် ဝန်ဆောင်မှုများပေးနိုင်ရေး စိစစ်ကြီးကြပ်ဖွင့်လှစ်ခွင့် ပြုထားပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ သီးခြားတာဝန်ပေးအပ်မှုအရ အကြောင်းကိစ္စအမျိုးမျိုးဖြင့် နေပြည်တော်သို့လာရောက်ကြသည့် ပြည်သူအပေါင်းတို့အား စိတ်ချမ်းချမ်းသာသာဖြင့် အဆင်ပြေချောမွေ့စွာ တည်းခိုနိုင်ရန် သန့်ရှင်းသန့်ရပ်သော၊ အဖိုးနှုန်းချိုသာသော၊ လုံခြုံစိတ်ချရသော နေပြည်တော်စည်ပင် ဧည့်ရိပ်သာကို ဖွင့်လှစ်၍ အောက်ပါအတိုင်းဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်-

(က) စတင်ဖွင့်လှစ်သည့်နေ့။ ၂၂.၁၁.၂၀၀၇
(ခ ) တည်နေရာ။ ဧည့်ရိပ်သာ-၁ (ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုကားလမ်းမကြီး၏ မြောက်ဘက်ခြမ်း) နှင့် ဧည့်ရိပ်သာ-၂ (ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုကားလမ်းမကြီး၏ တောင်ဘက်ခြမ်း)တွင် တည်ရှိပါသည်။
(ဂ ) အိပ်ခန်း(၁)ခန်းအကျယ်အဝန်း။ (၃၆၀) စတုရန်းပေ
(ဃ) အဆောင်အမျိုးအစား။ ဧည့်ရိပ်သာ(၁)တွင် လေအေးပေးစက်ပါ အဆောင်(၂၆)ဆောင်၊ရိုးရိုး အဆောင်(၆၃)ဆောင်နှင့်ဧည့်ရိပ်သာ(၂)တွင်လေအေးပေးစက်ပါ အဆောင်(၂၅)ဆောင်၊ ရိုးရိုးအဆောင်(၅၁)ဆောင်စုစုပေါင်းလေအေးပေးစက်ပါ အဆောင်(၅၁)ဆောင်၊ရိုးရိုးအဆောင်(၁၁၄) ဆောင်တို့၌ အခန်းပေါင်း(၁၃၁၂)ခန်းပါဝင်ပြီး လူဦးရေ(၃၉၃၆)ဦး တပြိုင်တည်း တည်းခိုနိုင်ပါသည်။
(င ) တည်းခိုဆောင်များကိုမိသားစုအဆောင်၊ အမျိုးသားအဆောင်၊ အမျိုးသမီးဆောင်ဟူ၍ သီးခြားစီ တည်းခိုနိုင်ရန် စီစဉ်ထားပါသည်။
(စ ) တည်းခိုခန်းခ နှုန်းထားများကို (၂၆.၅.၂၀၁၅)ရက်နေ့မှစ၍ အောက်ပါအတိုင်းပြင်ဆင်သတ်မှတ်ထားပါသည်-
(၁) အစိုးရဝန်ထမ်းများအတွက် (၁)ရက်နှုန်းထား
(ကက) ရိုးရိုးအိပ်ခန်း(၁)ခန်း ၈၄၀၀ကျပ် တစ်ခန်း(၃)ဦးနှုန်း
( ခခ) လေအေးပေးစက်ပါအိပ်ခန်း(၁)ခန်း ၁၆၈၀၀ကျပ် တစ်ခန်း(၃)ဦးနှုန်း
(၂) အစိုးရဝန်ထမ်းမဟုတ်သူများအတွက် (၁)ရက်နှုန်းထား
(ကက) ရိုးရိုးအိပ်ခန်း(၁)ခန်း ၁၂၆၀၀ကျပ် တစ်ခန်း(၃)ဦးနှုန်း
( ခခ) လေအေးပေးစက်ပါအိပ်ခန်း(၁)ခန်း ၂၃၁၀၀ကျပ် တစ်ခန်း(၃)ဦးနှုန်း
(၃) ငုရွှေဝါဆောင် (၁)ရက်နှုန်းထား
(ကက) တစ်ဆောင် (၅)ဦးနှုန်း ၅၂၅၀၀ ကျပ် လူပို (၃)ဦး (၁)ဦးလျှင် (၈၄၀ဝိ/-)နှုန်း
မှတ်ချက်။ (၁-၈-၂၀၁၆)ရက်နေ့မှစ၍ အခန်းငှားရမ်းခနှုန်းထားအပေါ် ကျသင့်သည့်ကုန်သွယ်လုပ်ငန်းခွန်(၅%) အား တည်းခိုသူများမှ ပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
(ဆ) အခန်းတိုင်းတွင် ရေချိုးခန်း၊ သန့်စင်ခန်းများ တစ်ပါတည်းပါရှိပြီး လုံခြုံစိတ်ချစွာ တည်းခိုနိုင်ပါသည်။
(ဇ ) ဧည့်ရိပ်သာအုပ်ချုပ်ရေးမှူးရုံးခန်း၌ စာစီစာရိုက်ခြင်း၊ မိတ္တူကူးခြင်းနှင့် ကားလက်မှတ်များ မှာယူနိုင်ခြင်း စသောဝန်ဆောင်မှုများ ဆောင်ရွက်ပေးပါသည်။
(စျ ) ဧည့်ရိပ်သာရှေ့တွင် မြို့တွင်းယာဉ်လိုင်းများ၏ ကားမှတ်တိုင်များ၊ အငှားယာဉ်ဂိတ်များလည်း ရှိပါသည်။
(ည) တည်းခိုသူများ၏အဝတ်အထည်များအား လျှော်ဖွတ်သန့်စင်ပေးသည့် ခဝါလုပ်ငန်းဝန်ဆောင်မှုများ လည်းရှိပါသည်။
(ဋ ) တည်းခိုသူများ လွယ်ကူစွာစားသောက်နိုင်ရေးအတွက် ဧည့်ရိပ်သာဝင်းအတွင်း စားသောက်ဆိုင်များ စီစဉ်ထားရှိပါသည်။
(ဌ ) နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှ နေ့စဉ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းအကူအညီတောင်းခံရယူနိုင်ပါသည်-
(၁) ဧည့်ရိပ်သာ(၁) ၀၆၇-၄၃၂၀၅၆၊ ၀၆၇-၄၃၂၀၅၈၊ ၀၆၇-၈၁၀၈၁၈၅
(၂) ဧည့်ရိပ်သာ(၂) ၀၆၇-၄၃၂၀၁၁၊ ၀၆၇-၄၃၂၀၁၂

တည်းခိုသူများလိုက်နာရမည့် စည်းကမ်းချက်များ

၁။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဧည့်ရိပ်သာသည် နိုင်ငံ့၀န်ထမ်း များ နေပြည်တော်သို့လုပ်ငန်းတာ၀န်ဖြင့် လာရောက်သည့်အခါတွင် အဆင်ပြေစွာ ဖြင့် တည်းခိုနိုင်ရန်အတွက် နိုင်ငံတော်မှ မတည်ငွေဖြင့် ဆောက်လုပ် ပေးထားသော ဧည့်ရိပ်သာဖြစ်ပါသည်။
၂။နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဧည့်ရိပ်သာတွင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို အထူးအစီ အစဉ်ဖြင့် တည်းခိုနေထိုင်ခွင့်ပြုထားပါသည်။
၃။နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများတွင် ပါ၀င်ဆောင်ရွက်နေသူများသည် သီးခြားခွင့်ပြုချက်မရှိဘဲ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဧည့်ရိပ်သာတွင် တည်းခိုခွင့်မပြု။
၄။နေပြည်တော်စည်ပင်ဧည့်ရိပ်သာအတွင်းရှိ အဆောက်အဦများ၊ စားသောက် ဆိုင်များတွင် လာရောက်တည်းခိုသူများကဖြစ်စေ၊ တည်းခိုသူများထံ လာရောက်တွေ့ဆုံသူများကဖြစ်စေ၊ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ ပါတီနိုင်ငံ ရေးဆိုင်ရာဆွေးနွေးပွဲများ၊ ပါတီနိုင်ငံရေးဆိုင်ရာဆောင်ရွက်ချက်များကို ပြုလုပ်ခွင့် မပြုပါ။
၅။နိုင်ငံသားစိစစ်ရေးကဒ်ပြားဖြင့်သာ ဤဧည့်ရိပ်သာက တည်းခိုခွင့် ပြုပါသည်။ ၀န်ထမ်းဖြစ်ပါက ၀န်ထမ်းစိစစ်ရေးကဒ်ပြားနှင့် ခရီးသွားလာခွင့်အ မိန့် (M.O) ဖြင့်သာ တည်းခိုခွင့်ပြုပါသည်။ (ကြည်း၊ ရေ၊ လေ တပ်မတော်သား များအား တည်းခိုခွင့်မပြုပါ)
၆။မွန်းတည့်ချိန်(၁၂:၀၀)နာရီချိန်မှ စတင်၍ နောက်တစ်နေ့ မွန်းတည့်ချိန်(၁၂:၀၀)နာရီချိန်အထိ (၂၄)နာရီကာလအား တည်းခိုရက်(၁)ရက် ဟု သတ်မှတ်ပါသည်။
၇။တစ်ရက်အတွက် တည်းခိုခနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အစိုးရဌာနဆိုင်ရာဝန်ထမ်းဧည့်သည်များ
(၁) သုံးဦးအထိ အများဆုံးတည်းခိုနိုင်သည့် ရိုးရိုးအိပ်ခန်း(၁)ခန်း ၈၄၀၀ကျပ်
( ၂) သုံးဦးအထိ အများဆုံးတည်းခိုနိုင်သည့် လေအေးပေးစက်ပါအိပ်ခန်း(၁)ခန်း ၁၆၈၀၀ကျပ်
(ခ) ပြင်ပခရီးသွား ဧည့်သည်များ
(၁) သုံးဦးအထိ အများဆုံးတည်းခိုနိုင်သည့် ရိုးရိုးအိပ်ခန်း(၁)ခန်း ၁၂၆၀၀ကျပ်
( ၂) သုံးဦးအထိ အများဆုံးတည်းခိုနိုင်သည့် လေအေးပေးစက်ပါအိပ်ခန်း(၁)ခန်း ၂၃၁၀၀ကျပ်
(ဂ) ငုရွှေဝါဆောင်
(၁) တစ်ဆောင် (၅)ဦးနှုန်း၊ လူပို (၃)ဦး (၁)ဦးလျှင် (၈၄၀ဝိ/-)နှုန်း ၅၂၅၀၀ကျပ်
မှတ်ချက်။ (၁-၈-၂၀၁၆)ရက်နေ့မှစ၍ အခန်းငှားရမ်းခနှုန်းထားအပေါ် ကျသင့်သည့်ကုန်သွယ်လုပ်ငန်းခွန်(၅%) အား တည်းခိုသူများမှ ပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
သတိပြုပါရန်။ နံနက်(၀၄:၀၀)နာရီချိန်မတိုင်မီ ရောက်ရှိတည်းခိုပါက ၎င်းနေ့ မွန်းတည့်(၁၂:၀၀)နာရီချိန်ထိကာလအား တစ်ရက်တည်းခိုသည့် ကာလအဖြစ် သတ်မှတ်ပါသည်။ မွန်းတည့်(၁၂:၀၀)နာရီချိန် ကျော်လွန်ပါက တည်းခိုခန်းခ(၁)ရက်စာ ထပ်မံပေး သွင်းရပါမည်။ တစ်ရက်စာတည်းခိုခန်းခပေးသွင်းပြီး တည်းခိုကာလကုန်ဆုံး၍ နောက်တစ်ရက်ထပ်မံတည်းခိုလိုပါက တည်းခိုခွင့်ကုန်ဆုံးမည့်နေ့ မွန်းတည့်(၁၂:၀၀)နာရီချိန်မတိုင်မီ တည်းခိုခန်းခငွေအား ထပ်မံပေးသွင်း စေကာ ဆက်လက်တည်းခိုရန် ခွင့်ပြုပါမည်။
၈။ဇနီးမောင်နှံများလာရောက်တည်းခိုပါက အကြင်လင်မယားဖြစ်ကြောင်း ဌာနတစ်ခုခု၏ ထောက်ခံချက်ပါရှိမှသာ အတူတည်းခိုခွင့်ပြုပါသည်။ ထောက်ခံ ချက်မပါရှိပါက အိပ်ခန်းတစ်ခန်းတည်းတွင် အတူတည်းခိုခွင့်ပြုမည် မဟုတ်ပါ။
၉။အမျိုးသမီးသီးသန့် တည်းခိုဆောင်နှင့် အိပ်ခန်းအတွင်းသို့ အမျိုးသားများ ၀င်ရောက်ခွင့်မပြု။
၁၀။တည်းခိုနေသူ အမျိုးသမီးအိပ်ခန်းအတွင်းသို့ အမျိုးသား၀င်ရောက်ခွင့် မပြု။ ဧည့်သည်ကလက်ခံသော်လည်း ဤဧည့်ရိပ်သာစည်းကမ်းအရ ခွင့်မပြုပါ။
၁၁။တည်းခိုနေသူအမျိုးသားအိပ်ခန်းအတွင်းသို့ အမျိုးသမီး၀င်ရောက်ခွင့်မပြု။ ဧည့်သည်က လက်ခံသော်လည်း ဤဧည့်ရိပ်သာစည်းကမ်းအရ ခွင့်မပြုပါ။
၁၂။လက်နက်ခဲယမ်းနှင့်ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ၊ ဥပဒေနှင့်ငြိစွန်းသောပစ္စည်းများ၊ စာရွက်စာတမ်းများ ယူဆောင်တည်းခိုခွင့်မပြုပါ။
၁၃။နိုင်ငံတော်အစိုးရနှင့် ဆန့်ကျင်သည့်ဆောင်ရွက်ချက် ကိစ္စရပ်မှန်သမျှအား လုံး၀(လုံး၀)ဆောင်ရွက်ခွင့်မပြုပါ။
၁၄။အိပ်ခန်းအတွင်း မူးယစ်သေစာသောက်စားခြင်း၊ လောင်းကစားခြင်း၊ အပျော်အပါးလိုက်စားခြင်း၊ လုံး၀(လုံး၀)ခွင့်မပြုပါ။
၁၅။ဧည့်လက်ခံကောင်တာတွင် တည်းခိုရန်စာရင်းပေးသွင်းပြီး တည်းခိုခွင့်ပြု ထားသူမှအပ အိပ်ခန်းအတွင်းသို့ အခြားဧည့်သည်များ ၀င်ရောက် ခွင့်မပြုပါ။
၁၆။တည်းခိုနေထိုင်စဉ်ကာလအတွင်း တည်းခိုသူ၏နိုင်ငံသားစိစစ်ရေးကဒ်ပြား (သို့မဟုတ်)၀န်ထမ်းစိစစ်ရေးကဒ်ပြားကို ဧည့်လက်ခံကောင်တာတွင် အပ်နှံထား ရပါမည်။ လက်ရှိနေရပ်လိပ်စာကို မှန်ကန်၊ တိကျ၊ ပြည့်စုံစွာပေးရပါမည်။
၁၇။ငွေနှင့်အခြားတန်ဖိုးရှိသည့် ပစ္စည်းများပါရှိပါက ဧည့်ရိပ်သာတာ၀န်ခံအရာ ရှိထံတွင် သေချာစွာအပ်နှံပါ၊ မအပ်နှံဘဲပျောက်ဆုံးမှုဖြစ်ပါက ဧည့်ရိပ်သာမှ တာ၀န်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
၁၈။ အိပ်ခန်းအတွင်းဆေးလိပ်မသောက်ရ၊ ဖယောင်းတိုင်မီးမထွန်းရ၊ မီးဘေးအန္တရာယ်ဖြစ်ပွားစေမည့် ကိစ္စရပ်များကို ရှောင်ကြဉ်ရပါမည်။
၁၉။ အမှိုက်နှင့်ကွမ်းတံတွေးများကို တည်းခိုဆောင်ရှိအမှိုက်ပုံးများတွင်သာ စနစ်တကျ စွန့်ပစ်ရပါမည်။
၂၀။ တည်းခိုသူဧည့်သည်ကြောင့် ဧည့်ရိပ်သာရှိ ပစ္စည်းပျောက်ဆုံး/ပျက်စီးခဲ့ ပါက ကာလတန်ဖိုးအတိုင်းပေးလျော်ရပါမည်။
၂၁။အပြင်သို့ထွက်ခွါပါက မိမိအခန်းသော့အား ဧည့်လက်ခံကောင်တာတွင် အပ်နှံရပါမည်။
၂၂။အိပ်ခန်းအား ပြန်လည်မအပ်နှံမီ မိမိနှင့်အတူပါရှိသည့် ပစ္စည်းများကို သေချာစွာ စစ်ဆေး၍ ပြန်လည်ယူဆောင်သွားကြပါရန်နှင့် ကျန်ရှိခဲ့လျှင် ဧည့်ရိပ်သာမှ လုံး၀တာ၀န်မယူပါ။
၂၃။ဧည့်သည်များသည် မိမိတည်းခိုသည့် အခန်း၌သာ တည်းခိုနေထိုင်ရမည် ဖြစ်ပြီးအခြားအိပ်ခန်းသို့ ကူးပြောင်းလည်ပတ်ခြင်း၊ တည်းခိုနေထိုင်ခြင်း လုံး၀ ခွင့်မပြုပါ။
၂၄။ဘေးပတ်၀န်းကျင်မှ တည်းခိုနေသူဧည့်သည်များအား အနှောင့်အယှက် ဖြစ်စေမည့် ကုန်ပစ္စည်းများသိုလှောင်ခြင်း၊ ရောင်း၀ယ်ဖောက်ကားခြင်း၊ ကျယ်လောင်စွာစကားပြောခြင်း၊ သီချင်းဖွင့်/ဆိုခြင်း၊ ညစ်ညမ်းစွာဆဲရေးတိုင်း ထွာခြင်းများမပြုရပါ။
၂၅။ ကူးစက်ရောဂါရှိသူများအား တည်းခိုခွင့်မပြုပါ။
၂၆။ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များမှ ဒေသခံများနှင့်၀န်ထမ်းများ လာရောက်တည်း ခိုခြင်းကို တည်းခိုခွင့်မပြုပါ။
၂၇။ဧည့်သည်တော်များ၏ လုံခြုံရေးအတွက် ည(၁၁:၀၀)နာရီချိန်တွင် ဧည်ရိပ်သာ၏ခြံ၀င်းတံခါးအားပိတ်ပါမည်။
၂၈။ဧည့်ရိပ်သာ၀န်ထမ်းများ၏ဆက်ဆံရေးမပြေပြစ်လျှင်သော်လည်းကောင်း၊ တည်းခိုနေထိုင်စဉ်ကာလအတွင်း အခက်အခဲရှိလျှင်သော်လည်းကောင်း ဧည့်ရိပ် သာ(၁)၊ ဧည့်/ငွေလက်ခံကောင်တာဖုန်းနံပါတ် (၀၆၇-၄၃၂၀၅၆)နှင့်ဧည့်ရိပ်သာ (၂)၊ ဧည့်/ငွေလက်ခံကောင်တာဖုန်းနံပါတ်(၀၆၇-၄၃၂၀၁၂)များသို့ အချိန်မရွေး ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

ဤဧည့်ရိပ်သာတွင် တည်းခိုပါက အထက်ပါစည်းကမ်းချက်(၂၈)ချက်အား သိရှိနားလည်သဘောတူပြီးဖြစ်သည်ဟု မှတ်ယူပါမည်၊
အခန်းတွင်းလိုအပ်ချက်နှင့် မကျေနပ်မှုများရှိပါက တာ၀န်ခံနှင့် ကောင်တာရှိ တာ၀န်ကျတို့ကို တိုင်ကြားအသိပေးနိုင်ပါသည်။

ပုံ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ခရီးစဉ်အလိုက် အဝေးပြေးခရီးသည်ယာဉ်လိုင်းများ


ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း အဝေးပြေးခရီးသည်ယာဉ်လိုင်းပြေးဆွဲမှုအခြေအနေ


နေပြည်တော် - ရန်ကုန် ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
တော်၀င် ၀၆၇-၂၆၁၅၈၊၀၆၇-၂၆၂၃၂
ထွန်းတောက် ၀၆၇-၂၆၂၇၈
ရိုးမ ၀၆၇-၂၆၂၇၃
တောင်ပေါ်သား ၀၆၇-၂၆၂၇၁
နေကြယ်မင်း ‌၀၆၇-၂၆၄၇၇
Elite ၀၆၇-၂၆၄၂၃၊၀၆၇-၂၆၄၂၄
မန္တလာမင်း ၀၆၇-၂၆၀၂၀
မိုးကောင်းကင် ၀၆၇-၂၆၁၃၉
ရွှေစင်စင်္ကြာ ၀၆၇-၂၆၁၈၃
၁ဝ ​ရွှေမန်းသူ ၀၆၇-၂၆၁၇၇
၁၁ ကပရ ၀၆၇-၂၆၁၈၉
၁၂ အောင်စိုးမိုး ၀၆၇-၂၆၁၃၁
၁၃ ထက်ဦး ၀၆၇-၂၆၂၁၅
၁၄ မန္တလာထွန်း ‌‌၀၆၇-၂၆၂၈၆
၁၅ ဇာနည်ဘွား ၀၆၇-၂၆၂၂၅
၁၆ ကြယ်ဇင်ဟိန်း
၁၇ မြတ်မန္တလာထွန်း ၀၆၇-၂၆၃၄၃
၁၈ ‌‌​ရောင်နီထွန်း ၀၆၇-၂၆၃၆၁
၁၉ Boss ၀၆၇-၂၇၀၁၇
၂ဝ ‌JJ ၀၆၇-၂၆၂၈၈
၂၁ မော်ကွန်းသစ် ၀၆၇-၂၆၃၇၀

နေပြည်တော် - မန္တလေး ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
မန္တလာမင်း ၀၆၇-၂၆၀၂၀
ရွှေစင်စင်္ကြာ ၀၆၇-၂၆၁၈၃
​ရွှေမန်းသူ ၀၆၇-၂၆၂၄၅
ထက်ဦး ၀၆၇-၂၆၂၁၅
မန္တလာထွန်း ‌၀၆၇-၂၆၂၈၆
ဇာနည်ဘွား ၀၆၇-၂၆၂၂၅
ကြယ်ဇင်ဟိန်း
Elite ၀၆၇-၂၆၄၂၃၊ ၀၆၇-၂၆၄၂၄
​ငွေနှင်းမန္တလာ ၀၆၇-၂၆၄၁၀
၁ဝ ​Boss ၀၆၇-၂၇၀၁၇
၁၁ ဖုန်းမြင့်စံ ၀၆၇-၂၆၃၄၉
၁၂ JJ ၀၆၇-၂၆၂၈၈

နေပြည်တော် - တောင်ကြီး ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
အောင်သပြေ
ရှမ်းသစ္စာ ၀၆၇-၂၆၂၄၆
​တောင်ပေါ်သား ၀၆၇-၂၆၂၇၁
ဇာတိမာန် ၀၆၇-၂၆၁၄၅
ပအိုဝ်းထိပ်တန်း ‌၀၆၇-၂၆၃၈၅
ဒို့ညီနောင် ၀၆၇-၂၆၃၅၃
​ရွှေတောင်ရိုး ၀၆၇-၂၆၃၄၈

နေပြည်တော် - တောင်ငူ ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
ဟိန်းသစ္စာ
​ငွေတောင်ရွှေပြည်

နေပြည်တော် - မိထ္တီလာ ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
​ရွှေပြည်စံ ၀၆၇-၂၆၀၁၄
နဝရက် ၀၆၇-၂၆၂၅၈
​ရွှေဆင်မင်း ၀၆၇-၂၆၁၄၇
မြကန်သာ
​ရွှေခေတ်မန်း ၀၆၇-၂၆၁၀၇
ပေါင်းလောင်း ၀၆၇-၂၆၁၈၄

နေပြည်တော် - တောင်တွင်းကြီး ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
ကျော် ၀၆၇-၂၆၁၂၈

နေပြည်တော် - မြင်းခြံ ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
​ရွှေပြည်စံ ၀၆၇-၂၆၀၁၄
ပြည်တော်အေး ၀၆၇-၂၆၃၈၀
​ပေါင်းလောင်း ၀၆၇-၂၆၁၈၄

နေပြည်တော် - မုံရွာ ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
ကြယ်တံခွန်
မိုးကောင်းကင် ၀၆၇-၂၆၁၃၉
​ရွှေစင်စင်္ကြာ ၀၆၇-၂၆၁၈၃
ငွေစန္ဒာ
ကြယ်စင်ဟိန်း
ဟိန်းစတား
ကောင်းကင်ယံ ၀၆၇-၂၆၄၂၆

နေပြည်တော် - မကွေး ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
​ရွှေပြည်စံ ၀၆၇-၂၆၀၁၄
တော်၀င် ၀၆၇-၂၆၁၅၈၊၀၆၇-၂၆၂၃၂
​နန်းရွှေပြည်
စတား
အောင်ကမ္ဘာ ၀၆၇-၂၆၂၈၅
ရွှေပွင့်ဖြူ ၀၆၇-၂၇၀၄၀

နေပြည်တော် - ညောင်ဦး ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
ညောင်ဦးမန်း ၀၆၇-၂၆၁၄၆
ပေါင်းလောင်း ၀၆၇-၂၆၁၈၄

နေပြည်တော် - လားရှိုး ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
ဓူဝံ ၀၆၇-၂၆၃၅၀
မန္တလာထွန်း ၀၆၇-၂၆၂၈၆
ကြယ်ဇင်ဟိန်း
ကြယ်တံခွန်

နေပြည်တော် - ပြည် ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
ထက်ကောင်းကင်
ဧရာသစ္စာ ၀၆၇-၂၆၂၈၃
ဟိန်းထက်စံ
အောင်လံမိုး

နေပြည်တော် - ဖြူး ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
​ရွှေပြည်စံ ၀၆၇-၂၆၀၁၄
တော်၀င် ၀၆၇-၂၆၁၅၈၊၀၆၇-၂၆၂၃၂

နေပြည်တော် - ချောက် ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
​တော်ဝင် ၀၆၇-၂၆၁၅၈ ၊ ၀၆၇-၂၆၂၃၂
မြသရဖူ
မြမြင့်မိုရ် ၀၆၇-၂၆၂၁၅

နေပြည်တော် - ပခုက္ကူ ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
​တော်ဝင် ၀၆၇-၂၆၁၅၈ ၊ ၀၆၇-၂၆၂၃၂
နန်းရွေပြည်

နေပြည်တော် - မော်လမြိုင် ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
​တော်ဝင် ၀၆၇-၂၆၁၅၈ ၊ ၀၆၇-၂၆၂၃၂
မန္တလာမင်း ၀၆၇-၂၆၀၂၀

နေပြည်တော် - ပြင်ဦးလွင် ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
​မန္တလာမင်း ၀၆၇-၂၆၀၂၀
​ရွှေဇင်စင်္ကြာ ၀၆၇-၂၆၁၈၃

နေပြည်တော် - ပုသိမ် ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
ထွန်းတောက် ၀၆၇-၂၆၂၇၈
​ထက်ဦး ၀၆၇-၂၆၂၁၅
မော်ကွန်းသစ် ၀၆၇-၂၆၃၇၀

နေပြည်တော် - ရပ်စောက် ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
နဂါးညီနောင် ၀၆၇-၂၆၁၄၀
ဇာတိမာန် ၀၆၇-၂၆၁၄၅

နေပြည်တော် - စလင်း ခရီးစဉ်

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
နဂါးညီနောင် ၀၆၇-၂၆၁၄၀

နေပြည်တော် - ရေဦး ခရီးစဉ်

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
ကြယ်တံခွန်

နေပြည်တော် - တန့်ဆည် ခရီးစဉ်

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
ကြယ်တံခွန်

နေပြည်တော် - မူဆယ် ခရီးစဉ်

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
ဟိဏ်းသစ္စာ

နေပြည်တော် - မြန်အောင် ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
ထက်ကောင်းကင်
ဧရာသစ္စာ ၀၆၇-၂၆၂၈၃

နေပြည်တော် - လွိုင်ကော် ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
ဒို့ညီနောင် ၀၆၇-၂၆၃၅၃
​ငွေတောင်ရွှေပြည်

နေပြည်တော် - ဆင်ဖြူကျွန်း ခရီးစဉ်

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
​ရွှေပွင့်ဖြူ ၀၆၇-၂၇၀၄၀

နေပြည်တော် - ပွင့်ဖြူ ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
ကပရ ၀၆၇-၂၆၁၈၉
​​ရွှေပွင့်ဖြူ ၀၆၇-၂၇၀၄၀

နေပြည်တော် - ဆီဆိုင် ခရီးစဉ်

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
​အောင်သပြေ

နေပြည်တော် - ကြို့ပင်ကောက် ခရီးစဉ်

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
​ဟိန်းထက်စံ

နေပြည်တော် - အောင်လံ ခရီးစဉ်များ

စဉ် ယာဉ်လိုင်းအမည် ဆက်သွယ်ရန်ဖုန်းနံပါတ်
ကျော် ၀၆၇-၂၆၁၂၈
​အာရှ ၀၆၇-၂၆၂၆၆
နယူးအောင်လံ ၀၆၇-၂၆၁၂၃