| နိုင်ငံပိုင်ဝန်ထမ်းအိမ်ရာများနှင့် လူပျို/အပျိုဆောင်များ၏ | ||
| (၁) | (က) | နှစ်ကာလကြာမြင့်၍ ပျက်စီးခြင်း။ |
| ( ခ ) | သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခြင်းများကိုသာ ပြင်ဆင်ပေး ပါသည်။ | |
| (၂) | (က) | ပေါ့ဆလွဲမှားစွာ အသုံးပြုခြင်း။ |
| ( ခ ) | ပုံမှန်ထိန်းသမ်းမှု မရှိခြင်း။ | |
| ( ဂ ) | စနစ်တကျသုံးစွဲမှုမရှိခြင်းများအား ပြင်ဆင်ပေးမည်မဟုတ်ပါ။ | |
| (၃) | သုံးစွဲသူလူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အားနည်းချက်ကြောင့်ဖြစ်ပေါ်လာသော ပျက်စီးမှုများ အာတာဝန်ရှိသူမှ ကျသင့်ငွေ ပေးလျော်စေ၍ ပြုပြင်ပေးမည်ဖြစ်ပါသည်။ | |
| (၄) | ဆက်သွယ်ရန် ဖုန်းနံပါတ်-ဝ၆၇-၄၁၄၄၂ဝ (နိုင်ငံပိုင်အိမ်ရာထိန်းသိမ်းရေးဌာနခွဲ)။ | |
| သတ်မှတ်မူနှင့်ကိုက်ညီ၍ ပြုပြင်ပေးသောလုပ်ငန်းအမျိုးအစားများ | ||
| (က) | (၁) | Apronနှင့်Drainကွဲအက်ပျက်စီးခြင်း၊ |
| (၂) | ပြူတင်း/တံခါး ကျည်းဘောင်များ ခြစားပျက်စီးခြင်း၊ | |
| (၃) | ပါကေးခြစားပျက်စီးခြင်း၊ | |
| (၄) | နံရံနှင့် မျက်နှာကျက်မှရေယိုစိမ့်ခြင်း၊ | |
| (၅) | မျက်နှာကျက်ပျက်စီးမိုးယိုခြင်း၊ | |
| (၆) | သွပ်အမိုးပျက်စီးခြင်း၊ | |
| (၇) | အမိုးမိုးယိုခြင်း | |
| (၈) | ဝရံတာသံပန်းများ ဆွေးမြေ့ပျက်စီးခြင်း ။ | |
| ( ခ ) | ရေပေးရေး | |
| (၁) | ရေစင်တန်းကျိုးခြင်း၊ | |
| (၂) | ရေတိုင်ကီကွဲအက်ပျက်စီးခြင်း၊ | |
| (၃) | ရေတင်ပိုက်ကွဲအက်ပျက်စီးခြင်း၊ | |
| (၄) | မြေစိုက်ရေလှောင်ကန် ကွဲအက်ပျက်စီးခြင်း။ | |
| ( ဂ ) | လျှပ်စစ်မီး | |
| (၁) | ဝါယာရှော့ခ်ဖြစ်ခြင်း(မီတာပုံးမှ အဆောက်အဦ)၊ | |
| (၂) | မော်တာကြိုးလိုင်း ဝါယာရှော့ခ်ဖြစ်ခြင်း။ | |
| (ဃ) | မိလ္လာ | |
| (၁) | မိလ္လာပိုက်လိုင်းကွဲအက်ပျက်စီးခြင်း၊ | |
| (၂) | မိလ္လာကန်ကွဲအက်ပျက်စီးခြင်း။ | |
| (၁) | တံခါး Door Lock နှင့် တံခါးဂျက်များပျက်စီးခြင်း၊ |
| (၂) | ပြူတင်းတံခါးမှန်များကွဲအက်ပျက်စီးခြင်း၊ |
| (၃) | ရိုးရိုးအိမ်သာနှင့် ဘိုထိုင်အိမ်သာများ ကွဲအက်ပျက်စီးခြင်း၊ |
| (၄) | ဘိုထိုင်ခလုတ်၊ အိမ်သာရေဆွဲပုံးနှင့် ရေဆွဲကြိုးများပျက်စီးခြင်း၊ |
| (၅) | လက်ဆေးကန်များပျက်စီးခြင်း၊ |
| (၆) | Exhaust Fanများပျက်စီးခြင်း၊ |
| (၇) | ရေပိုက်ခေါင်းများ၊ ရေအဖွင့်/ပိတ်ဘားများနှင့်ရေပန်းများပျက်စီးခြင်း၊ |
| (၈) | မီးချောင်း၊ မီးလုံး၊ မီးဝိုင်းများကျွမ်းခြင်း၊ မီးခလုတ်နှင့်Socketများပျက်စီးခြင်း၊ |
| (၉) | ရေမော်တာနှင့် ရေတင် Pumps များ လောင်ကျွမ်းပျက်စီးခြင်း၊ |
| (၁၀) | နေထိုင်သူပေါ့လျော့လွဲမှားစွာ အသုံးပြုခြင်းကြောင့် ပျက်စီးမှုများ။ |
| မှတ်ချက်။ ။ | (က) | အထက်ဖော်ပြပါ နိုင်ငံပိုင်အိမ်ရာ သတ်မှတ်မူနှင့်မကိုက်ညီ၍ ပြုပြင်ပေးရသော လုပ်ငန်းများအတွက် ကုန်ကျမည့်ပစ္စည်းဖိုးနှင့် လုပ်အားခများကို သက်ဆိုင်ရာလူပုဂ္ဂိုလ်/ဌာနတို့မှ ပေးချေရမည်ဖြစ်ပါသည်။ |
| (ခ) | နိုင်ငံပိုင်အိမ်ရာများတွင် မူလအဆောက်အဦနှင့် ဆက်စပ်၍ တိုးချဲ့ ဆောက်လုပ်ခြင်း ၊သီးခြားအသစ် ဆောက်လုပ်ခြင်းများအား ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ ဆောက်လုပ်ခြင်း လုံးဝ မပြုလုပ်ရ။ |
| (က) | ဌာနမှသတ်မှတ်လျှောက်လွှာ (ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်၊ အနားလေးရပ်မှကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်၊ လိုင် | |
| စင်အင်ဂျင်နီယာ၏ခံဝန်ကတိများ ပြည့်စုံစွာပါရှိရမည်)၊ | ||
| (ခ ) | သက်ဆိုင်ရာဌာနမှ (၁)နှစ်အတွင်းထုတ်ပေးထားသော မြေပုံ/မြေရာဇဝင်မူရင်း |
| (၁) | ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ဒက္ခိဏသီရိကျောက်မျက်စျေးများအတွက် ယာယီမြေစလစ်မူရင်း |
| (၂) | သပြေကုန်း၊ ရွှေကြာပင်နှင့် ညောင်ပင်ဝိုင်းရပ်ကွက်များ(ဇမ္ဗူသီရိမြို့နယ်)အတွက် မြေပေးမိန့် မိတ္တူ |
| (၃) | ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များအတွက် မြေစာရင်းပုံစံ (၁၀၅၊၁၀၆) |
| (၄) | ပုဗ္ဗသီရိအတွက် ဂရန်မိတ္တူ(မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးရန်) |
| (ဂ ) | လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ၊ | |
| (ဃ) | လျှောက်ထားသူ၏လိုင်စင်ဓါတ်ပုံ (၁)ပုံ၊ | |
| (င ) | လိုင်စင်ရအင်ဂျင်နီယာမှလက်မှတ်ရေးထိုးထားသောအဆိုပြုပုံစံ A-3 Size(၁)စုံ | |
| (စ ) | ၃ထပ်နှင့်အထက် အဆောက်အအုံများအတွက် အထက်ပါအချက်များအပြင် အောက်ပါအချက်များတင်ပြရန်- |
| (၁) | အဆောက်အအုံ၏ခိုင်ခံ့မှုဆိုင်ရာတွက်ချက်မှု(Structural Design Drawings(A3 size), Stractural Calculation(A4 size), |
| and Soft Copy(Model)(Structural Design တွက်ချက်ရာတွင် Myanmar National Building Code ပါထည့်သွင်းစဉ်းစား | |
| တွက်ချက်ရမည့် Design Factor များပြည့်စုံစွာထည့်သွင်းတွက်ချက်ရန်) | |
| (၂) | Design Load တွင် Gravity Load အပြင် Lateral Load (Earthquake Zone-3 နှင့် Wind Speed-80mph)ဖြင့် |
| အနည်းဆုံးထည့်သွင်းတွက်ချက်ပေးရမည်။ | |
| (၃) | မြေခံနိုင်အား စမ်းသပ်မှု (Soil Test Report) |
| (ဆ) | ၃ထပ်နှင့် အထက်အဆောက်အအုံများတွင် အထပ်တိုင်းအတွက် အရေးပေါ်ထွက်ပေါက်နှင့် လှေကားပါရှိရမည်။ |
| (ဇ) | ၉ထပ်နှင့် အထက်အဆောက်အအုံများအတွက် မီးသတ်ဦးစီးဌာန၏အရေးပေါ်ထွက်ပေါက် နှင့် မီးဘေးလုံခြုံမှုစနစ်ကောင်းမွန်ကြောင်း |
| ထောက်ခံချက်ပါတင်ပြရန်။ | |
| မှတ်ချက်။ပြည့်စုံမှုရှိ/မရှိ စစ်ဆေးရန်။ |
နေပြည်တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း အဆောက်အဦများအား နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုမိန့်ရရှိပြီးမှသာ ဆောက်လုပ်ရမည်ဖြစ်ပါသည်။ အဆောက်အဦဆောက်လုပ်ခွင့်ပြုချက်မရှိဘဲ အဆောက်အဦများဆောက်လုပ်ပါက နေပြည်တော်စည်ပင်သာယာရေးကော်မတီ တည်ဆဲဥပဒေအရ အရေးယူဆောက်ရွက်မည်ဖြစ်ပါသည်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အဆောက်အဦခွင့်ပြုမိန့်ရရှိရေးနှင့်ပတ်သက်၍ အင်ဂျင်နီယာဌာန(အဆောက်အအုံ)(၀၆၇-၄၁၄၂၉၇)သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
| (က) | လျှောက်လွှာ |
| ( ခ) | လိုင်စင်ဓါတ်ပုံ (၁)ပုံ |
| ( ဂ) | မှတ်ပုံတင်မိတ္တူ |
| (ဃ) | မြေပိုင်ဆိုင်မှု အထောက်အထား |
| ( င) | မြို့နယ်၊ ရပ်ကွက်အားလုံးအတွက် Drawing ပုံအပြည့်အစုံအား A3 Size ဖြင့် လျှောက်ထားရမည် |
| ( စ) | မြို့နယ်၊ရပ်ကွက်အားလုံးအတွက် လျှောက်ထားလာသော Drawing ပုံများပေါ်တွင် နေပြည်တော် စည်ပင်မှ ခွင့်ပြုထားသော လိုင်စင်အင်ဂျင်နီယာ၏ လက်မှတ်ထိုးပါရမည်။ |
| မှတ်ချက်။ပြည့်စုံမှုရှိ/မရှိ စစ်ဆေးရန်။ |
| (က) | လျှောက်လွှာ (ပိုင်ရှင်ကိုယ်တိုင် လက်မှတ်ရေးထိုးရမည်။) |
| ( ခ) | မှတ်ပုံတင်မိတ္တူ (လျှောက်ထားသူ) |
| ( ဂ) | အဆောက်အအုံပိုင်ဆိုင်ကြောင်း အထောက်အထား |
| (ဃ) | ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက် |
| ( င) | မြို့နယ်အုပ်ချုပ်ရေးမှူး (စည်ပင်)ထောက်ခံချက် |
| (စ) | မြို့နယ်အုပ်ချုပ်ရေးမှူး (ထွေ/အုပ်) ထောက်ခံချက် |
| ( ဆ ) | လျှောက်ထားသူ ဝန်ခံကတိပြုချက် |
| ( ဇ ) | လိုင်စင်ရအင်ဂျင်နီယာ ဝန်ခံကတိပြုချက် |
| (စျ ) | ဖျက်သိမ်းမည့် အဆောက်အအုံ၏ Location Plan (လိုင်စင်ရအင်ဂျင်နီယာ လက်မှတ်ထိုး ပါရှိရမည်။) |
| (ည ) | ဖျက်သိမ်းမည့် အဆောက်အအုံ၏ Layout Plan (လိုင်စင်ရအင်ဂျင်နီယာ လက်မှတ်ထိုး ပါရှိရမည်။) |
| (ဋ ) | ဖျက်သိမ်းမည့် အဆောက်အအုံ၏ (ရှေ့/နောက်)နှင့် ဘေး(၂)ဘက် ကပ်လျက်ရှိသော အဆောက်အဦ၏ ပုံပါ ဓါတ်ပုံ(၄)ပုံ |
| မှတ်ချက်။ပြည့်စုံမှုရှိ/မရှိ စစ်ဆေးရန်။ |
| (က) | အဆောက်အဦဆောက်လုပ်ခွင့်လျှောက်လွှာ (ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ဆောက်လုပ်မည့် အဆောက်အအုံ မြေနေရာ၏ အနား (၄)ရပ်ရှိ နေထိုင်သူများ ထောက်ခံချက်များ ပြည့်စုံစွာပါရှိရမည်။) |
| ( ခ) | နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ |
| ( ဂ) | အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ |
| ( ဃ) | လိုင်စင်ဓါတ်ပုံ (၁)ပုံ |
| (င) | မြေပိုင်ဆိုင်မှုအတွက် သက်ဆိုင်ရာဌာနမှ (၆)လအတွင်းရေးဆွဲထားသော မြေစာရင်းပုံစံ (၁၀၅၊ ၁၀၆) မူရင်း |
| မှတ်ချက်။ပြည့်စုံမှုရှိ/မရှိ စစ်ဆေးရန်။ |
| (က) | လျှောက်လွှာ |
| ( ခ) | မြေပိုင်ဆိုင်ကြောင်းအထောက်အထား |
| ( ဂ) | မှတ်ပုံတင်မိတ္တူ(လျှောက်ထားသူ) |
| (ဃ) | အမှုတွဲမိတ္တူ |
| ( င) | အဆောက်အအုံဆောက်လုပ်ခွင့်ပြုမိန့်မိတ္တူ |
| ( စ) | အဆောက်အအုံစစ်ဆေးခ ၊ ငွေသွင်းချလံမိတ္တူ |
| ( ဆ) | သက်တမ်းတိုးမည့် အဆောက်အအုံ၏ လက်ရှိအနေအထားအား ရိုက်ထားသော ဓါတ်ပုံ(၄)ပုံ(ရှေ့၊ နောက်၊ ဘေးဝဲ ၊ ဘေးယာ) |
| မှတ်ချက်။ပြည့်စုံမှုရှိ/မရှိ စစ်ဆေးရန်။ |
| (က) | လျှောက်လွှာ (ပိုင်ရှင်လက်မှတ်နှင့် လိုင်စင်ရအင်ဂျင်နီယာလက်မှတ် ပါရှိရမည်။) |
| ( ခ) | အမှုတွဲမိတ္တူ ၊ |
| ( ဂ) | အဆောက်အဦ ဆောက်လုပ်ခွင့်ပြုမိန့်မိတ္တူ |
| (ဃ) | အဆောက်အဦ စစ်ဆေးခငွေသွင်းချလံမိတ္တူ |
| ( င) | မြေပိုင်ဆိုင်မှု အထောက်အထား(မြေစာရင်းပုံစံ ၁၀၅၊၁၀၆ မိတ္တူ) |
| ( စ) | မှတ်ပုံတင်မိတ္တူ |
| (ဆ) | အိမ် ဓါတ်ပုံ၊ ရှေ့ ၊ နောက် ၊ ဘေး ဘယ်/ညာ(၄)ပုံ |
| ( ဇ) | ပြည်တွင်းအခွန်ဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ် (အခွန်ပေးဆောင်ပြီး ချလံမိတ္တူ) |
| မှတ်ချက်။ပြည့်စုံမှုရှိ/မရှိ စစ်ဆေးရန်။ |
| (က) | ဌာနမှ သတ်မှတ်လျှောက်လွှာ |
| ( ခ) | လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ |
| ( ဂ) | ပညာအရည်အချင်းဘွဲ့လက်မှတ်မိတ္တူ |
| (ဃ) | အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း အတွေ့အကြုံရှိကြောင်း ထောက်ခံချက် /ဝန်ခံချက် |
| ( င) | လိုင်စင်ဓါတ်ပုံ(၂)ပုံ |
| (စ) | တစ်ချိန်တည်းတွင် ကော်မတီမှ သတ်မှတ်ထားသည့် အဆောက်အအုံ အလုံး အရေအတွက် ထက်ပို၍ ကြီးကြပ်ခြင်းမပြုကြောင်း ဝန်ခံချက် |
| (ဆ) | မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ/ မြန်မာနိုင်ငံဗိသုကာကောင်စီမှ သက်တမ်းရှိ ကတ်ပြား(မိတ္တူ)နှင့် Certificate (မိတ္တူ) |
| (ဇ) | ထိုးမြဲလက်မှတ်နှင့် တံဆိပ်တုံးနမူနာပုံစံ |
| မှတ်ချက်။ပြည့်စုံမှုရှိ/မရှိ စစ်ဆေးရန်။ |
| (က) | သက်ဆိုင်ရာကောင်စီမှ ထုတ်ပေးထားသော မှတ်ပုံတင်လက်မှတ် Certificate (သို့မဟုတ်) အောင်စာရင်းမိတ္တူ |
| ( ခ) | သက်ဆိုင်ရာကောင်စီမှထုတ်ပေးထားသော သက်တမ်းရှိ အင်ဂျင်နီယာ /ဗိသုကာ မှတ်ပုံတင် ကတ်ပြားမိတ္တူ |
| ( ဂ) | နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ |
| ( ဃ) | လိုင်စင်အင်ဂျင်နီယာ၏ လုပ်ငန်းတာဝန်များကို သိရှိပြီးဖြစ်ပြီးလိုက်နာ ဆောင်ရွက် မည်ဖြစ်ကြောင်း ကတိဝန်ခံချက်၊ ထိုးမြဲလက်မှတ်နှင့် တံဆိပ်တုံး နမူနာ |
| ( င) | ဓါတ်ပုံ(၂)ပုံ (License Size) |
| မှတ်ချက်။ပြည့်စုံမှုရှိ/မရှိ စစ်ဆေးရန်။ |
| (က) | နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဘာသာရေးဆိုင်ရာအဆောက်အဦများ ဆောက်လုပ်ခွင့်တင်ပြလာပါက |
| နေပြည်တော်ကောင်စီ၏သဘောထားမှတ်ချက်နှင့်တိုင်းသာသနာရေးဦးစီးဌာနတို့၏ထောက်ခံချက်များ ပါရှိရမည်။ | |
| မှတ်ချက်။ပြည့်စုံမှုရှိ/မရှိ စစ်ဆေးရန်။ |
| စဉ် | အဆောက်အအုံအမျိုးအစား | ပြောင်းလဲကောက်ခံသည့်နှုန်းထား |
| (၁) | အထပ်နိမ့်အဆောက်အဦ (၁ စ/ပေ) | ၂၀ ကျပ် |
| (၂) | အထပ်မြင့်အဆောက်အဦ (၃)ထပ်နှင့်အထက်(၁ စ/ပေ) | ၃၆ ကျပ် |
| (၃) | ခြံစည်းရိုး (၁ ပေ) | ၅၀ ကျပ် |
| (၄) | အဆောက်အဦဖြိုဖျက်ခွင့် | ၁၀ ကျပ် |
အဆောက်အအုံဆောက်လုပ်ပြီးစီးကြောင်းသက်သေခံလက်မှတ်(B.C.C)(သို့မဟုတ်)လူနေထိုင်ခွင့်လျှောက်ထားခြင်းအား အောက်ဖော်ပြပါနှုန်းထားဖြင့်သတ်မှတ် ကောက်ခံလျှက်ရှိပါသည်-
ဥတ္တရသီရိမြို့နယ် ရာဇသင်္ဂဟအိမ်ရာ အမှတ်(၁)(၂)(၃)နှင့် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ အထူးမြေကွက်တို့တွင် နေအိမ်ဆောက်လုပ်ရန်ချထားပေး
သည့် မြေကွက်နေရာများတွင် အဆောက်အဦဆောက်လုပ်မှုနှင့် ပတ်သက်၍ (၁)ထပ် အဆောက်အဦသာ ဆောက်လုပ်ခွင့်ပြုပါကြောင်း အသိပေးအပ်ပါသည်။







